အရှေ့တောင်အာရှ
နိုင်ငံများအသင်း (အာဆီယံ)က မြန်မာနိုင်ငံမှာ လတ်တလော တိုးတက်ပြောင်းလဲမှုတွေ ရှိလာပြီမို့
အနောက်တိုင်း နိုင်ငံတွေက မြန်မာအပေါ် ကျင့်သုံးနေတဲ့ စီးပွားရေး အရေးယူပိတ်ဆို့မှုကို
ရုပ်သိမ်းသင့်ပြီလို့ ၁၁ ရက်နေ့မှာ နိုးဆော်လိုက်ပါတယ်။
အာဆီယံ
အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူလိုက်တာ မကြာသေးတဲ့ ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး
ဟော် နမ်ဟုန် (Hor Namhong) က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ
ရှေ့ဆက်နေပြီဖြစ်တယ်လို့ ဆီယမ်ရိ(ဖ်)မှာကျင်းပတဲ့ ၂ ရက်ကြာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ
မျက်နှာစုံညီ စည်းဝေးပွဲအပြီး ပြောလိုက်ပါတယ်။
ဟော်နမ်ဟုန်က
အာဆီယံကနေ အခုလို နိုးဆော်ပေးဖို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုတာဖြစ်ပြီး
အာဆီယံတဖွဲ့လုံးကလဲ သဘောတူတယ်လို့ ဆိုပါတယ်။
စင်ကာပူ
နိုင်ငံခြားရေးဝန်ကြီးက အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာနိုင်ငံအတွင်း
ကောင်းမွန်တဲ့ တိုးတက်မှုတွေကို သတိပြုနေပြီးဖြစ်လို့ စီးပွားရေး အရေးယူ ပိတ်ဆို့မှု
ရုပ်သိမ်းရေးကို ထောက်ခံကြောင်း ဖော်ပြခဲ့ကြတယ်လို့ ပြောပါတယ်။
ref - AFP
No comments:
Post a Comment