မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ တစ်သက် မြန်မာနိုင်ငံမှာ တင်းပြည့်တဲ့ ဒီမိုကရေစီ
ရွေးကောက်ပွဲကို မြင်ရလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနဲ့
မတွေ့ဆုံခင် ဘီဘီစီ (အင်္ဂလိပ်) နဲ့ မေးမြန်းခန်းတစ်ရပ်မှာ ပြောကြားလိုက်ပါတယ်။
ဒေါ်စုဟာ
ဧပြီလ ၁ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ လွတ်တော် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့
ရည်ရွယ်ထားပါတယ်။
ဒါပေမဲ့ သမ္မတ အဖြစ်ဝင်ရွေးဖို့ ဘယ်အချိန်မှာ အခွင့်အလှမ်း
ရမယ်ဆိုတာ သူမ မသိနိုင်သေးဘူးလို့ ဒေါ်စုက အင်တာဗျူးထဲမှာ ပြောပါတယ်။ ဒေါ်စုက
သမ္မတအဖြစ်ဝင်ရွေးဖို့ နှစ်သက်သလား၊ ဆန္ဒရှိသလား ဆိုတာတောင် တတ်အပ် မသိနိုင်သေးဘူးလို့
ဆိုပါတယ်။
No comments:
Post a Comment