Thursday, March 29, 2012

Suu Kyi says by-election not completely free and fair

Daw Su's Press Conference at her residence (AFP)

မြန်မာနိုင်ငံ အတိုက်အခံပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာမဲ့ တနင်္ဂနွေနေ့ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ လုံးဝကြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူး ဘာကြောင့်လဲဆိုတော့ မဲဆွယ်စည်းရုံးတဲ့ကာလအတွင်း ပုံမှန်မဟုတ်တဲ့ ကိစ္စရပ်တွေနဲ့ ကြုံတွေ့နေရလို့ ဖြစ်တယ်လို့ ၃၀ ရက်နေ့က သူမရဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

ဒေါ်စုက ပြီးခဲ့တဲ့ လတွေအတွင်း ဖြစ်ပွားတဲ့ အဖြစ်အပျက်တွေကို ကြည့်မယ်ဆိုရင် အခုတခေါက် ကြားဖြတ်ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ မခေါ်နိုင်ဘူး။ ဒီလို ပုံမှန်မဟုတ်တဲ့ ကိစ္စရပ်တွေဟာ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ လက်ခံနိုင်တဲ့ အတိုင်းအတာထက် ပိုလွန်နေပြီဖြစ်တယ်လို့ စွပ်စွဲလိုက်ပါတယ်။

ဒါပေမဲ့ အန်အယ်လ်ဒီက ရွေးကောက်ပွဲမှာ ဆက်လက်ဝင်ပြိုင်သွားမှာ ဖြစ်တယ်။ အကြောင်းကလဲ ဒီအချက်ဟာ လူထုက လိုလားတဲ့ အချက်ဖြစ်လို့ပဲ။ ဝင်ပြိုင်လို့လဲ နောင်တရမှာ မဟုတ်ဘူးလို့လဲ ဒေါ်စုက ဖြည့်သွင်းပြောကြားလိုက်ပါတယ်။

အာဏာပိုင်တွေရဲ့ မတရားမှုနဲ့ ပတ်သက်လို့ အန်အယ်လ်ဒီပါတီက အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ လူထုကို ဖိအားပေးပြီး သူတို့ရဲ့ ပါတီစည်းရုံးရေးပွဲကို တက်ခိုင်းတယ်လို့ ဥပမာပေးပါတယ်။ ဒေါ်စုပါဝင်ယှဉ်ပြိုင်မဲ့ ကော့မှူးမြို့နယ် မဲဆန္ဒနယ်မြေရဲ့ မဲဆန္ဒရှင် အမည်စာရင်းမှာ ရာနဲ့ချီတဲ့ သေဆုံးသူအမည်များပါဝင်နေပြီး လက်တွေ့ မဲပေးခွင့်ရှိသူ ၁၃၀၀ နီးပါးက စာရှင်းထဲမှာ မပါဝင်ဘူးလို့ ထောက်ပြပါတယ်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က လတ်တလောကပြောသွားတဲ့ မိန့်ခွန်းမှာ မဲစာရင်းထဲ မလိုအပ်တဲ့ မှားယွင်းမှုတွေ ရှိခဲ့တယ်လို့ ဝန်ခံခဲ့ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်စေရမယ်လို့ အာမခံချက် ပေးခဲ့ပါတယ်။ အခုတခေါက် ရွေးကောက်ပွဲမှာ ၂၀၁၀ ခုနှစ်ရဲ့ အထွေထွေ ရွေးကောက်ပွဲနဲ့ မတူပဲ ကုလသမဂ္ဂ၊ အာဆီယံနဲ့ အမေရိကန် အပါအဝင် နိုင်ငံခြားမှ အကဲခတ်သူများနဲ့ သတင်းထောက်များကို ကြည့်ရှုလေ့လာဖို့ ခွင့်ပြုထားပါတယ်။

အခုတခေါက် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နယ်မြေ ၄၅ ခုအတွက် လွှတ်တော်အမတ်များကို ရွေးချယ်မှာ ဖြစ်ပြီး အန်အယ်လ်ဒီက ဒေါ်စုအပါအဝင် ကိုယ်စားလှယ်လောင်း ၄၄ ဦး ပါဝင် အရွေးခံမှာ ဖြစ်ပါတယ်။ မူလက လစ်လပ် နယ်မြေ ၄၈ ခုရှိပေမဲ့ လုံခြုံရေး အကြောင်းအရင်းကြောင့် ကချင်ပြည်နယ် မိုးကောင်း၊ ဖားကန့်နဲ့ ဗန်းမော် စတဲ့ သုံးမြို့နယ်မှာ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းထားပါတယ်။ 

Ref : AFP, AP

Monday, March 26, 2012

Suu Kyi takes campaign break to recover health


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ မဲဆွယ်စည်းရုံးရေး အစီအစဉ်တွေကို ရပ်ဆိုင်းပြီး အနားယူမယ်လို့ အန်အယ်လ်ဒီက ၂၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ဒေါ်စုဟာ ပြီးခဲ့တဲ့ စနေ တနင်္ဂနွေ တနင်္သာရီတိုင်း မြိတ်မြို့သွား စည်းရုံးဟောပြောရာမှာ ရာသီဥတု ပူပျင်းတာရယ်၊ ခရီးပန်းတာရယ်နဲ့ ခရီးစဉ်အတွင်း လှေစီးရာမှာ လှိုင်းမူးတာရယ်ကြောင့် ကိုယ်လက် မအီမသာ ဖြစ်လို့ ခရီးစဉ်ကို ရပ်ဆိုင်း လိုက်ရတာ ဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ ဒေါ်စုဟာ ဆရာဝန်ရဲ့ အကြံပေးချက်အတိုင်း ရန်ကုန် တက္ကသိုလ် ရိပ်သာလမ်း နေအိမ်မှာ ၄၊ ၅ ရက်လောက် အနားယူမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လာမဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီက လစ်လပ်နယ်မြေ ၄၄ ခုက ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်။ ပါတီဝင် ကိုယ်လှယ်လောင်းတွေအတွက် မဲဆွယ်စည်းရုံးဖို့ ဒေါ်စုဟာ ဒီတလောမှာ နိုင်ငံတဝှမ်း လှည့်လည် ခရီးထွက်ခဲ့ရတာကြောင့် အားနည်းနေတာ ဖြစ်တယ်လို့ အန်အယ်လ်ဒီက ပြောပါတယ်။ ဒေါ်စုကိုယ်တိုင်ကတော့ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မဲဆန္ဒနယ်မြေက ပါဝင် အရွေးခံမှာ ဖြစ်ပါတယ်။

ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဟံသာမြင့်က ဒေါ်စုဟာ သွေးအားနည်းနေတယ်။ ဒါကြောင့် ဒီလဆန်း မန္တလေး ခရီးစဉ်မှာတုန်းကလဲ နေမကောင်း ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။ ဖေဖော်ဝါရီလ ဆေးစစ်တုန်းက ဒေါ်စုရဲ့ ကျန်းမာရေး ကောင်းမွန်ကြောင်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။


REF : AP

Friday, March 23, 2012

UN chief to visit Myanmar 'probably' in April


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က နောက်လထဲမှာ မြန်မာနိုင်ငံကို သွားဖို့ရှိတယ်လို့ ၂၃ ရက်နေ့က စင်ကာပူနိုင်ငံမှာ ပြောလိုက်ပါတယ်။ တဆက်တည်းမှာလည်း မြန်မာနိုင်ငံအတွင်း တိုးတက်ပြောင်းလဲမှုတွေကို နိုင်ငံတကာက ထောက်ခံကြဖို့ တိုက်တွန်းလိုက်ပါတယ်။

စင်ကာပူနိုင်ငံ အစိုးရအရာရှိများ၊ သံတမန်များနဲ့ ပညာရှင်များကို မိန့်ခွန်းပြောကြားရာမှာ ဘန်ကီမွန်းက အတွင်းရေးမှူးချုပ် ရာထူးသက်တမ်းအတွင်း မြန်မာနိုင်ငံကို ၂ ခေါက်သွားဖြစ်ခဲ့တယ်။ နောက်လထဲမှာ ထပ်သွားဖို့ရှိတယ်လို့ ပြောပါတယ်။

၂၂ ရက်နေ့ မလေးရှားမှာတုန်းက ဘန်ကီမွန်းကလဲ အခုတခေါက် မြန်မာခရီးစဉ်ဟာ ဧပြီ ကြားဖြတ်ရွေးကောက်ပွဲ အပြီးမှာ ဖြစ်ဖို့များတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အချိန်အတိအကျကိုတော့ ပြောထားခြင်း မရှိပါဘူး။

လတ်တလော မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေကို ကြည့်ပြီး အားရမိတယ်လို့ ဘန်ကီမွန်းက ပြောပါတယ်။ တချိန်တည်းမှာလဲ မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူဖို့ ပြင်ဆင်နေတဲ့ အခိုက် ကမ္ဘာတလွှားက မြန်မာနိုင်ငံကို အကူအညီပေးဖို့လဲ နိုးဆော်လိုက်ပါတယ်။

မြန်မာနိုင်ငံဟာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပြီး ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းမှာ အများရဲ့ ထောက်ခံမှုကို လိုအပ်လိမ့်မယ်လို့ ဘန်ကီမွန်းက ထောက်ပြသွားပါတယ်။

Ref : AFP

Myanmar, Laos eye trade boost with bridge


မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံတို့ဟာ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးပွားရေးအတွက် မဲခေါင်မြစ်ပေါ်မှာ ပထမဆုံးသော တံတား တစ်ခုတည်ဆောက်ဖို့ သဘောတူလိုက်ပြီ ဖြစ်တယ်လို့ လာအိုနိုင်ငံ အစိုးရပိုင် သတင်းစာက ဖော်ပြထားပါတယ်။

ချစ်ကြည်ရေးတံတား သဘောတူညီချက်ကို လာအိုနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နဲ့ လာအိုနိုင်ငံသမ္မတ ချောင်မလီ ဆာရာဆုန် (Choummaly Sayasone) တို့က လက်မှတ်ရေးထိုးခဲ့တာ ဖြစ်တယ်လို့ ဗီယင်ကျန်းတိုင်းမ် သတင်းစာက ပြောပါတယ်။

ချောင်မလီ ဆာရာဆုန်က နှစ်နိုင်ငံအကြား သတ္တုတူးဖော်ရေး၊ စိုက်ပျိုးရေးစတဲ့ ရင်းနှီးမြှုပ်နှံဖို့ အလားအလာကောင်းတဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်သင့်တယ်လို့ ဆိုပါတယ်။

Ref : AFP

Thursday, March 15, 2012

US voices concern over Myanmar refugees


မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှာ အစိုးရနဲ့ တိုင်းရင်းသားအကြား ပဋိပက္ခကြောင့် စစ်ပြေးနေရတဲ့ ထောင်သောင်းမကတဲ့ ဒုက္ခသည်တွေအရေး အမေရိကန်က စိုးရိမ်နေတယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် အထူးသံတမန် မစ္စတာ ဒဲရက် မစ်ချဲလ် (Derek Mitchell) က ရန်ကုန်မှာ ၁၅ ရက်နေ့က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းအတွင်း တိုင်းရင်းသား နယ်မြေ အတော်များများမှာ တိုးတက်မှုရှိတာ တွေ့ရတယ်။ ဒါပေမဲ့ ကချင်ပြည်နယ်က အကြမ်းဖက်မှုတွေကတော့ ဒီအလားအလာနဲ့ တပြေးတည်း ဖြစ်မနေဘူးလို့ မစ္စတာ မစ်ချဲလ်က ပြောပါတယ်။
         
မစ္စတာ မစ်ချဲလ်က မြန်မာအစိုးရ ဝန်ကြီးများနဲ့အတူ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လဲ တွေ့ဆုံခဲ့ပါတယ်။ မစ္စတာ မစ်ချဲလ်က ဌာနေက ထွက်ပြေးသွားရတဲ့ ဒုက္ခသည်များအတွက် အမေရိကန်ဘက်က ဒေါ်သာ ၁ သန်းခွဲ အကူအညီပေးဖို့လဲ ကြေညာလိုက်ပါတယ်။

Ref : AP

Suu Kyi hopes to travel outside Myanmar soon


မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မကြာတော့တဲ့ အချိန်အတွင်းမှာ နိုင်ငံခြားကို ခရီးထွက်နိုင်ဖို့ မျှော်လင့်တယ်လို့ ၁၅ ရက်နေ့က ပြောလိုက်ပါတယ်။ ထွက်ဖြစ်မယ်ဆိုရင် ၁၉၈၈ ခုနှစ် ဒေါ်စု မြန်မာနိုင်ငံပြန်ပြီးတဲ့နောက် ပထမဆုံး ခရီးစဉ် ဖြစ်ပါတယ်။

ဟောင်ကောင်တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ဥပဒေပညာရပ်ဆိုင်ရာ ပါရဂူဘွဲ့ကို လက်ခံတဲ့ ဗွီဒီယို မိန့်ခွန်းမှာ ဖြစ်နိုင်ရင် အချိန်တိုတိုပဲ ဖြစ်ဖြစ် မြန်မာပြည်ပြင်ပကို ခရီးထွက်ချင်တယ်။ အဲဒီအခါကျရင် ဟောင်ကောင်ကို သွားနိုင်မယ်။ ဟောင်ကောင်တက္ကသိုလ်ရဲ့ ကျောင်းပုရဝုဏ်ကိုလဲ သွားကြည့်ချင်ပါတယ်လို့ ပြောလိုက်ပါတယ်။

အတိတ်မှာ နိုင်ငံခြားက ကြိမ်ဖန်များစွာ သွားရောက်လည်ပတ်ဖို့ ဖိတ်ကြားပေမဲ့ မိခင်ကို စောင့်ရှောက်ဖို့ ဒေါ်စု မြန်မာပြည်ပြန်ပြီးတဲ့ အချိန်ကစလို့ အခုထိ ပြည်ပကို မထွက်ခွာခဲ့ပါဘူး။ ၁၉၉၉ ခုနှစ်မှာ ခင်ပွန်းသည် မစ္စတာ မိုက်ကယ် အဲရစ် (Michael Aris) ကင်ဆာရောဂါ နောက်ဆုံးအဆင့်ကို ခံစားနေရချိန်မှာတောင် စစ်အစိုးရက ပြည်ဝင်ခွင့်ပြန်မပေးမှာ စိုးရိမ်လို့ မြန်မာပြည်က ထွက်ပြီး ခင်ပွန်းဖြစ်သူရဲ့ နောက်ဆုံးတစ်မျက်နှာကို သွားမတွေ့ခဲ့ပါဘူး။

မြန်မာအစိုးရက ဒေါ်စုကို လွတ်လွတ်လပ်လပ် ခရီးသွားခွင့်ရှိပါတယ်လို့ ပြောထားပေမဲ့လဲ လူထုက ဒေါ်စု တိုင်းပြည်ထဲ ပြန်မဝင်နိုင်မှာကို စိုးရိမ်နေကြပါတယ်။

Ref : AFP

Tuesday, March 13, 2012

Suu Kyi speech leaked on Internet before broadcast



မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံးသော မဲဆွယ်စည်းရုံးရေး မူဝါဒသဘောတရား ရုပ်မြင်သံကြား ဟောပြောချက်ကို တရားဝင်မထုတ်လွှင့်မီ အင်တာနက်ပေါ်မှာ တွေ့မြင်နေရပြီဖြစ်ပါတယ်။ ဒေါ်စုက ဒီဟောပြောချက်မှာ ဒီမိုကရေစီစနစ် ပိုမိုခိုင်မြဲရေးအတွက် တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ရှေ့တန်းတင် အဓိကထား ပြောကြားသွားပါတယ်။

ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် (Facebook) နဲ့ ဗွီဒီယိုမျှဝေရေး ယူကျု(ပ်) (YouTube) စတဲ့ ဝက်ဘ်ဆိုက်တွေမှာတင်ထားတဲ့ ၁၄ မိနစ်ကြာ ဗွီဒီယိုမှာ ဒေါ်စုက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အဓိကမူဝါဒများကို ကြေညာသွားပါတယ်။ အန်အယ်လ်ဒီက လစ်လပ်နယ်မြေ ၄၈ စလုံးကနေ ပါဝင်အရွေးခံဖို့ ရည်ရွယ်ထားပေမဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးက သတ်မှတ်ချက်နဲ့ မကိုက်ညီလို့ ၄၇ ဦးသာ ပါဝင်ခွင့်ရှိမှာ ဖြစ်ပါတယ်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တရားဝင်မထုတ်လွှင့်မီ ဒီဟောပြောချက်ကို အင်တာနက်ပေါ် လွှင့်တင်လိုက်တာဟာလဲ မြန်မာနိုင်ငံအတွင်း ဆင်ဆာဖြတ်တဲ့ စနစ်တွေ ရှိတယ်ဆိုဦးတော့ ဒီမိုကရေစီ လှုပ်ရှားမှု သတင်းအချက်အလက်များကို ဖော်ပြရာမှာ အင်တာနက်ဟာ ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်ဆိုတာ ထင်ပေါ်နေပါတယ်။ ဒါပေမဲ့လဲ မြန်မာနိုင်ငံတွင်းမှာ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ အင်တာနက်ကို တွင်တွင်ကျယ်ကျယ် မသုံးနိုင်သေးတဲ့အတွက် အစိုးရပိုင် ရုပ်သံနဲ့ အသံလွှင့်ဌာနတွေက ထုတ်လွှင့်ပါမှ ဒေါ်စုရဲ့ ဟောပြောချက်ကို ပိုများများ ကြည့်ရှု နားထောင် နိုင်ကြမှာ ဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်မဲ့ ပါတီ ၁၇ ခုစလုံး ၁၅ မိနစ်ကြာတဲ့ မူဝါဒ သဘောတရား ဟောပြောချက် ဗွီဒီယိုကို ထုတ်လွှင့်ခွင့်ရှိပါတယ်။ အန်အယ်လ်ဒီရဲ့ ဗွီဒီယိုကို ၁၂ ရက်နေ့က ရိုက်ကူးပြီး ၁၄ ရက်နေ့နဲ့ ၂၂ ရက်နေ့မှာ တရားဝင် ထုတ်လွှင့်မှာ ဖြစ်ပါတယ်။

Ref : AP

Thursday, March 8, 2012

Daw Suu warns of voter list problems


မြန်မာအတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အယ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာမဲ့ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲအတွက် တရားဝင် ထုတ်ပြန်ထားတဲ့ မဲဆန္ဒရှင်စာရင်းမှာ ပုံမှန်မဟုတ်တာ တွေ့ရလို့ မဲလိမ်မှုတွေ ဖြစ်ပွားလေမလားဆိုတဲ့ သံသယတွေ ဖြစ်စေနိုင်ကြောင်း ၈ ရက်နေ့က သတိပေးလိုက်ပါတယ်။ 
 
ဒေါ်စုက မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘဲဒ် (John Baird) နဲ့ ရန်ကုန်နေအိမ်မှာ လက်ခံတွေ့ဆုံပြီးတဲ့နောက် အန်အယ်လ်ဒီက မဲဆန္ဒရှင်အမည်စာရင်းမှာ မူမမှန်တာတွေကို တွေ့ရှိရတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

မဲဆန္ဒရှင် အမည်စာရင်းမှာ ပါသင့်သူ တချို့မပါဘူး၊ တချို့ အမည်တွေက ကွယ်လွန်ပြီးသူတွေ ဖြစ်ကြောင်း တိုင်တန်းလာတာတွေ ရှိတယ်လို့ သိရပါတယ်။

ဒေါ်စုက မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ ဖြစ်စဉ်ကို အသေအချာ အနီးကပ်စောင့်ကြည့်ပြီးမှ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ဆုံးဖြတ်ကြပါလို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို နိုးဆော်လိုက်ပါတယ်။

အနောက်တိုင်းနိုင်ငံများရဲ့ အစိုးရများနဲ့ ကမ္ဘာ့ကုလသမဂ္ဂက ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိဆိုတာကို မူတည်ပြီး စစ်အစိုးရလက်ထက်က မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ စီးပွားရေး ပိတ်ဆို့မှုကို ပြန်သုံးသပ်မယ်လို့ ပြောခဲ့ကြပါတယ်။


Ref : AP

Monday, March 5, 2012

Daw Suu campaigns in Naypyitaw

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်၌ လူထုအား ဟောပြောနေပုံ (ဓာတ်ပုံ အေအက်ဖ်ပီ)

မြန်မာ့အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၅ ရက်နေ့မှာ နေပြည်တော်ကို သွားရောက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီရဲ့ ကိုယ်စားလှယ်လောင်းများအတွက် မဲဆွယ်စည်းရုံးခဲ့ပါတယ်။   

ဧပြီ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီက နေပြည်တော်ရဲ့ လစ်လပ်နယ်မြေ ၄ ခုအပါအဝင် လစ်လပ်နယ်မြေ ၄၈ ခုလုံးကနေ ဝင်ရောက်အရွေးခံဖို့ ရှိပါတယ်။ နေပြည်တော်က ဝင်ရွေးမဲ့ အန်အယ်ဒ်ဒီ ကိုယ်စားလှယ်လောင်း ၄ ဦးစလုံးဟာ နိုင်ငံရေးသမားဟောင်းတွေဖြစ်ပါတယ်။ ၂ ဦးက ဇန်နဝါရီလကမှ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ကလွတ်လာသူတွေ ဖြစ်ပြီး ကိုဇေယျာသော်က ဟစ်ဟော့ပ် အဆိုတော် တစ်ဦးဖြစ်ပါတယ်။

နေပြည်တော် မဲဆန္ဒနယ်မြေ ၄ ခုက နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတ ဦးတင်မောင်ဦး၊ ပြည်သူ့လွတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦးမြင့်လှိုင်တို့က အစိုးရအရာရှိများအဖြစ် တာဝန်ယူသွားတာမို့ အမတ်နေရာ လစ်လပ်ခဲ့တာ ဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန် အရွေးခံခဲ့တဲ့ ဇဗ္ဗူသီရိမြို့နယ်မှာ ဝင်ပြိုင်မဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းက ၈၈ ကျောင်းသားအရေးအခင်းမှာ ပါဝင်လှုပ်ရှားခဲ့သူ ဒေါ်စန္ဒာမင်း ဖြစ်ပါတယ်။

ကိုဇေယျာသော်နဲ့ ဒေါ်စန္ဒာမင်းတို့က နေပြည်တော်မှာ စည်းရုံးမဲဆွယ်ရာမှာ အတားအဆီးတွေ ဥပမာအားဖြင့် တချို့နေရာတွေမှာ ဟောပြောပွဲ ကျင်းပခွင့်မရှိတာ၊ ပါတီဆိုင်းဘုတ်တွေ အဖျက်ဆီးခံရတာ စတာတွေနဲ့ ရင်ဆိုင်ရတယ်လို့ ဆိုပါတယ်။ ဒေါ်စန္ဒာမင်းက ဟောပြောပွဲ တက်ရောက်ခဲ့တဲ့ ရွာသူရွာသား တချို့ဟာ အာဏာပိုင်တွေရဲ့ အနှောက်အယှက်ခံရတယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဇဗ္ဗူသီရိမြို့တော် ကွင်းပြင်မှာ ဟောပြောတဲ့အခါဖို့ အန်အယ်ဒ်ဒီ ကိုယ်စားလှယ်တွေ နေပြည်တော်မှာ အရွေးခံတာ ပြောရရင် စွန့်စားမှု တစ်ရပ်ပဲ။ ဒီလိုစွန့်စားရတာကလဲ လူထုကို ယုံကြည်လို့ပဲ ဖြစ်တယ်လို့ ပြောသွားပါတယ်။ ဒေါ်စုကလဲ ပရိသတ် ဒီလောကများလိမ့်မယ်လို့ မထင်ထားဘူး။ ကျမစိတ်အားတက်မိတယ်။ လူထုကလဲ ကျမရဲ့ မျှော်လင့်ချက်ကို မြင့်မားစေတယ်လို့ ဆိုပါတယ်။ 

ဒေါ်စုဟာ ဒက္ခဏသီရိမြို့နယ်မှာလည်း ဟောပြောခဲ့ပြီး အင်္ဂါနေ့မှာတော့ ပုဗ္ဗသီရိနဲ့ ဥတ္တရသီရိ မြို့နယ်တွေမှာ ဟောပြောဦးမှာ ဖြစ်ပါတယ်။


緬甸反對派領袖翁山蘇姬5日直搗黃龍,到執政黨掌控優勢的首都奈比多踢館,為黨籍候選人輔選。4位候選人皆為1月獲得特赦才出獄的政治犯。

4月1日的國會議員補選,翁山蘇姬所屬的全國民主聯盟準備在48個選區全面參選,包括選情最艱困的奈比多4個選區。這4個選區的席次,為總統添盛等議員去年出任政府高階官員而留下的遺缺。

奈比多的選民大多為2005年建都後才住進的軍方人員和從各地遷調的公務人員。

在軍方扶植的「聯邦團結發展黨」票倉,翁山蘇姬告訴數千名台下的支持者,她對當地選民有信心。她說,「徵召黨員在奈比多競選是一項冒險,因為我們相信這裡的選民,我們願意冒這個險。」她又說,「我沒想到會看到這麼多群眾,我受到鼓舞,你們提升了我的期望。」

翁山蘇姬5日在奈比多的2個選區演說,6日將造訪另外2個選區造勢。

Ref : AP