အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် မှတ်ပုံပြန်တင်ဖို့ လျှောက်ထားချက်ကို မြန်မာအစိုးရက တရားဝင်
ခွင့်ပြုလိုက်ပြီလို့ အဖွဲ့ချုပ်က ဒီမိုကရေစီဖြစ်စဉ်မှာ တရားဝင် ပါဝင်နိုင်တော့မှာ
ဖြစ်တယ်လို့ အဖွဲ့ချုပ် ပြောခွင့်ရ ဦးဉာဏ်ဝင်းက ၅ ရက်နေ့မှာ ပြောပါတယ်။
ဦးဉာဏ်ဝင်းကလည်း
တနင်္လာနေ့ကစလို့ ပါတီဝင် လျှောက်လွှာတွေကို စတင် လက်ခံတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ထားတဲ့ သတ်မှတ်ချက်အရ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပဖို့
စီစဉ်ထားတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်လိုသူတွေဟာ ဇန်နဝါရီလ ၁၆ ရက်နေ့ကစ ၃၁
ရက်နေ့အထိ စာရင်းပေး လျှောက်ထားရမှာ ဖြစ်ပါတယ်။
ကိုးကား - AFP
No comments:
Post a Comment