အဇစ်
ဘူလိုချန်အမည်ရှိတဲ့ လူငယ်တစ်ဦး မော်ရိုကိုနိုင်ငံ မာရာကက်ရှ်မြို့ရှိ ရုပ်ရှင်ရုံတစ်ရုံကို
ဝင်သွားတဲ့အခါ ဝန်ထမ်းတွေက သူ့ကို ကမ်းပေးတာက ကမ္ဘာတလွှား ရုပ်ရှင်ရုံတွေမှာ တွေ့နေကျ
ဇာတ်ကား ကြည့်ဖို့ မျက်မှန်မဟုတ်ဘဲ နားကျပ်တစ်ခုဖြစ်ပါတယ်။ အသက် ၂၀ ပိုင်းရှိ ဘူလိုချန်ဟာ
သာမန်ရုပ်ရှင်ကြည့် ပရိသတ်မဟုတ်သလို သူသွားတဲ့ ရုပ်ရှင်ရုံကလဲ သာမန် မဟုတ်ပါဘူး။ ထိုင်ခုန်တိုင်းမှာ
အထူးကိရိယာတွေ တပ်ဆင်ထားတာကြောင့် ရုပ်ရှင်ကြိုက်သူ မျက်မမြင် ဒါမှမဟုတ် အမြင်အာရုံချို့တဲ့သူတွေလည်း
ရုပ်ရှင်ရဲ့ ရသကို ခံစားနိုင်မှာ ဖြစ်ပါတယ်။
လာလာဟိုဘီ
(Lalla Hoby) ရုပ်ရှင်ရုံမှာ ရုံတင်တဲ့ဇာတ်ကားက မော်ရိုကို အမျိုးသားတစ်ဦးက ဂျီဘရာတာ
(Gibraltar) ရေလက်ကြားကို ကျော်ပြီး ဘယ်ဂျီယမ်နိုင်ငံသွားကာ မယားပျောက် ရှာပုံတော်ဖွင့်တဲ့
ဟာသဇာတ်မြူးပါ။ ၁၉၉၆ ခုနှစ်မှာ ဖြန့်ချိတဲ့ ဒီဇာတ်ကားဟာလဲ အသံနဲ့ ရှင်းပြတဲ့ တစ်ခုတည်းသော
ဇာတ်ကား ဖြစ်ပါတယ်။
ဘူလိုချန်က
ထိုင်ခုန်ဘေး ပလပ်ပေါက်မှာ ထိုးထားတဲ့ နားကျပ်တပ်က ကြားနေရတဲ့အသံတွေဟာ သရုပ်ဆောင်တွေရဲ့
ပြုမူလှုပ်ရှားပုံနဲ့ ဇာတ်ကွင်းဇာတ်ကွက် ဘယ်လို အနေအထား ရှိတယ်ဆိုတာကို ရှင်းပြနေတဲ့
အသံတွေပါ။
ဘူလိုချန်က
ဒါဟာ အရမ်းကိုကောင်းတဲ့ စိတ်ကူးပဲ၊ သူမျက်စိကွယ်သွားတဲ့ အချိန်ကစပြီး ရုပ်ရှင်မကြည့်နိုင်တော့ဘူး။
ဒါပေမဲ့ အခုတော့ ရုပ်ရှင်တစိတ်တပိုင်းကို ခံနိုင်ခွင့်ရှိပြီလို့ ဆိုပါတယ်။ ဘူလိုချန်ဟာ
၂၀၀၅ ခုနှစ်မှာ Behcet's syndrome လို့ခေါ်တဲ့ ရောဂါရခဲ့ပြီးနောက်မှာ အမြင်အာရုံ ဆုံးရှုံးခဲ့တာပါ။
၇ နှစ်ကြာပြီးနောက်
အခုတော့ သူဟာ သာမန်လူတွေနည်းတူ ရုပ်ရှင်ရုံထဲထိုင်ပြီး ရုပ်ရှင်‘ကြည့်’ နေနိုင်ပါပြီ။
နားကျပ်က ရှင်းပြချက်တွေပါ ကြားရတော့ ဟာသဇာတ်ကွက်တွေကို ပြသတဲ့အချိန်မှာ မျက်မမြင်တွေကလဲ
ပုံမှန်ပရိသတ်နဲ့ တပြိုင်တည်း ရယ်နိုင်မောနိုင် နေပါပြီ။
No comments:
Post a Comment