ဥရောပသမဂ္ဂက
မြန်မာနိုင်ငံရဲ့ လတ်တလော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို အားပေးတဲ့ အနေနဲ့ နိုင်ငံတော်သမ္မတ
အပါအဝင် အစိုးရ အရာရှိ ၈၇ ဦးရဲ့ ခရီးသွားလာရေး ပိတ်ဆို့မှုကို ၁၇ ရက်နေ့က ရုပ်သိမ်းလိုက်ပါတယ်။
ဒါပေမဲ့ ၎င်းတို့ရဲ့ ပိုင်ဆိုင်မှုများကိုတော့ ဆက်ပိတ်ထားဆဲ ဖြစ်ပါတယ်။
ဥရောပသမဂ္ဂက
သိသာထင်ရှားတဲ့ ပြောင်းလဲမှုကို ကြိုဆိုတဲ့ အနေနဲ့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊
ဒုတိယ သမ္မတများ၊ ဝန်ကြီးများ၊ လွတ်တော် ဥက္ကဋ္ဌများနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်များအား
ပြည်ဝင်ခွင့် ပိတ်ဆို့ထားမှုကို ရုပ်သိမ်းလိုက်ပြီလို့ ပြောပါတယ်။
ဥရောပသမ္မဂ
နိုင်ငံခြားရေး မူဝါဒ အရာရှိချုပ် မစ္စ ကက်သရင်း အက်ရှ်တန် (Catherine Ashton) က ထုတ်ပြန်လိုက်တဲ့
ကြေညာချက်မှာ မြန်မာနိုင်ငံရဲ့ သမိုင်းတင်မဲ့ ပြောင်းလဲမှုတွေကို ရှုမြင်ရပြီး ဖြစ်သလို
အာဏာပိုင်များက ဒီလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်သွားဖို့ အားပေးကြောင်း ဖော်ပြထားပါတယ်။
ဥရောပ သမ္မဂ အဖွဲ့ဝင် ၂၇ နိုင်ငံက မြန်မာနိုင်ငံအပေါ် ကျင့်သုံးနေတဲ့ ပိတ်ဆို့မှုကို ပြန်လည် စစ်ဆေးနေပါတယ်။ ဒီပိတ်ဆို့မှုထဲမှာ စစ်လက်နက်ပစ္စည်း တင်ပို့မှု တားဆီးရေးနဲ့ အရာရှိများရဲ့ ကျောက်မျက်ရတနာနဲ့ ပစ္စည်းဥစ္စာများ ပိတ်ဆို့မှုလဲ ပါဝင်ပါတယ်။ ဒီပိတ်ဆို့မှုကာလဟာ ဧပြီလ ၃၀ ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
Ref : AFP
No comments:
Post a Comment