မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၇ ရက်နေ့က ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ ဧပြီ ကြားဖြတ်ရွေးကောက်ပွဲ
မတိုင်မီ ဒုတိယအကြိမ်မြောက် နိုင်ငံရေး ခရီးစဉ်ကို စတင်လိုက်ပါတယ်။ ဒေါ်စုကို ကြိုဆိုတဲ့
လူထုကြီးဟာ ပုသိမ်မြို့ လမ်းမတွေ ပိတ်ဆို့လုမတတ် ဖြစ်ခဲ့ပါတယ်။
လွတ်လပ်ပြီး
တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် အားလုံးက လုပ်ဆောင်ဖို့ လိုအပ်တယ်။ လမ်းတလျှောက်မှာ
လူငယ်တွေကို တွေ့ရတယ်။ သူတို့တွေက တိုင်းပြည်ရဲ့ အင်းအားဖြစ်သလို တိုင်းပြည်ရဲ့ အနာဂတ်လဲဖြစ်တယ်လို့
ဒေါ်စုက ထောက်ခံသူ လူထုကို ပြောကြားခဲ့ပါတယ်။
ကိုးကား - AFP
No comments:
Post a Comment