မြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးက မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်ရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ အခုလ လလယ်ပိုင်းမှာ တရုတ်နိုင်ငံသို့ သွားရန်ရှိကြောင်း အစိုးရ ထိပ်တန်းအရာရှိတစ်ဦးက ၇ ရက်နေ့က ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။
ဦးတင်အောင်မြင့်ဦးဟာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၁၅ ရက်နေ့ အိန္ဒိယက ပြန်လာပြီးမှ တရုတ်သို့ ထွက်ခွာမှာဖြစ်တယ်လို့ ယင်းအရာရှိက ဆိုပါတယ်။ ဦးတင်အောင်မြင့်ဦးဟာ ၂၁ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ပေကျင်းမြို့မှာ ကျင်းပမဲ့ တရုတ် အာဆီယံ ကုန်စည်ပြပွဲကို တက်ရောက်မှာ ဖြစ်ပြီး တဆက်တည်းမှာ တရုတ်အရာရှိများနဲ့ တွေ့ဆုံကာ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေးနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ ကိစ္စများကို ဆွေးနွေးမှာ ဖြစ်ပါတယ်။
ကိုးကား - ရိုက်တာ
No comments:
Post a Comment