Monday, October 10, 2011

Myanmar political prisoner amnesty soon

အမေရိကန်က မြန်မာနိုင်ငံအတွင်း သိသိသာသာ ပြောင်းလဲမှုတွေ တွေ့ရတယ်လို့ ကြိုဆိုလိုက်တဲ့ တချိန်တည်းမှာ မြန်မာအရာရှိတစ်ဦးက နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ပေးဖို့ရာ အတော်လေး နီးကပ်နေပါပြီလို့ ၁၀ ရက်နေ့က ပြောလိုက်ကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

ဒီမိုကရေစိအရေး လှုပ်ရှားသူများ၊ စာနယ်ဇင်းသမားများ၊ ရှေ့နေများ အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ နီးပါးကို လွှတ်ပေးရေးဟာ အနောက်တိုင်းနိုင်ငံတွေက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းပေးဖို့ အဓိက တောင်းဆိုချက် ဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့ ယင်းအရာရှိက ‘နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတော့မှာပါ။ ဒါပေမဲ့ အားလုံး လွတ်မလွတ်ဆိုတာတော့ မသိရသေးဘူး။’ လို့ဆိုပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ လွှတ်ပေးမယ်လို့လဲ ပြောပါတယ်။ နောက်အရာရှိတစ်ဦးက နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်  ၁၂ ရက်နေ့ အိန္ဒိယမသွားခင် လွှတ်ပေးမယ်လို့ ဆိုပါတယ်။

နိုင်ငံရေး အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းဟာ အစိုးရသစ်တက်လာပြီးနောက် အတိုက်အခံများနဲ့ ထိတွေ့တဲ့ နောက်ဆုံးကမ်းလှမ်းချက် တစ်ရပ်ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကတော့ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ မျှော်လင့်တယ်လို့ ဆိုတယ်။ NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ရာနဲ့ချီတဲ့ အကျဉ်းကျ ပါတီဝင်တွေ လွတ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။ ဦးဉာဏ်ဝင်းက ‘ကျနော်တို့က ကျောင်းသား လှုပ်ရှားသူတွေအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးမယ်လို့ မျှော်လင့်ထားတယ်။’ လို့ပြောပါတယ်။

ကိုးကား - AFP

No comments:

Post a Comment