Monday, October 10, 2011

Myanmar film in running for Busan movie award

တောင်ကိုးရီးယားမှာ အခုအပတ်ထဲ ကျင်းပတဲ့ ၁၆ ကြိမ်မြောက် ဘူဆန်ရုပ်ရှင်ပြပွဲမှာ မြန်မာနိုင်ငံအတွင်း တိတ်တခိုးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ‘ပြည်တော်ပြန်’ (Return To Burma) ဇာတ်ကား ပြိုင်ပွဲဝင်ဖို့ရှိပါတယ်။ မြန်မာပြည်ဖွား ထိုင်ဝမ် ဒါရိုက်တာ ကျောက်တယ်ရင့် (趙德胤) က မြန်မာပြည်တွင်းက အဖြစ်မှန်ကို ပုံဖော်ချင်တယ်၊ ဒီဇာတ်ကားဟာ မြန်မာပြည်ရဲ့ လက်တွေ့ဘဝကို ထင်ဟပ်ထားတယ်လို့ ဆိုပါတယ်။

ဒါရိုက်တာ ကျောက်တယ်ရင့်ဟာ ဒီဇာတ်ကား အားလုံးနီးပါးကို မြန်မာနိုင်ငံတွင်းမှာ ရိုက်ကူးခဲ့တာဖြစ်တယ်။ ရုပ်ရှင်ရိုက်ကူးမ၍နဲ့ ပတ်သက်လို့ မြန်မာပြည်မှာ တားမြစ်ချက် အမြောက်အမြားရှိတာမို့ တိတ်တခိုးဝင်ရောက်ပြီး ရိုက်ကူးခဲ့ရတယ်လို့ သိရပါတယ်။

ကျောက်တယ်ရင့်က ဒီဇာတ်ကားရဲ့ အကြောင်းအရာက သူ့ရဲ့ကိုင်ပိုင် အတွေ့အကြုံဖြစ်တယ်လို့ ပြောပါတယ်။ ‘ပြည်တော်ပြန်’ ဇာတ်ကားက ထိုင်ဝမ်ကနေ မွေးရပ်မြေဖြစ်တဲ့ မြန်မာပြည်ပြန်ပြီး အခြေချဖို့ စိတ်ကူးရာမှာ ဟိုရောက်တော့ သူ့ရဲ့ မှန်းချက်နဲ့ လွဲနေတာတွေ့ရကြောင်း၊ သူမြန်မာပြည်က ထွက်လာတဲ့ အချိန်တုန်းကနဲ့ အတူတူလောက်ပဲ တိုးတက်ပြောင်းလဲမှု မရှိလို့ မျှော်လင့်ချက်တွေ ပျက်သုဉ်းသွားရတဲ့အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်။

ကျော်တယ်ရင့်ဟာ မြန်မာနိုင်ငံ မြောက်ပိုင်းရှမ်းပြည်ဖွား တရုတ်လူမျိုးဖြစ်ပြီး ၁၆ နှစ်အရွယ်မှာ ထိုင်ဝမ်သွားပြီး ပညာရေးကို ဆက်လက်ဆည်းပူးခဲ့သူ တစ်ဦးဖြစ်တယ်။ ‘ပြည်တော်ပြန်’ ဟာ ကျောက်တယ်ရင့်ရဲ့ ပထမဦးဆုံးသော ဇာတ်လမ်းရှည် ဇာတ်ကားဖြစ်ပါတယ်။ ဒီ့မတိုင်မှီမှာ ထိုင်ဝမ်ရောက် မြန်မာပြန်တွေအကြောင်း ဇာတ်လမ်းတို ဇာတ်ကားများကိုလည်း ရိုက်ကူးခဲ့ဖူးပါတယ်။ 

ကိုးကား - AFP 

ဒါက ထိုင်ဝမ်ရောက်စ  မြန်မာပြန်အကြောင်း ရိုက်ကူးထားတဲ့ ‘ဇာတိမြေက ရောင်းရင်း’




အောက်က သုံးပိုင်းကတော့ တရုတ်က မော်တော်ဆိုင်ကယ် စီးယူလာပြီး မြန်မာပြည်မှာ ပြန်ရောင်းကာ အသက်မွေးနေတဲ့ လားရှိုးသားတစ်ဦးအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းတို
‘ဆိုင်ကယ်မောင်းသမား’ ဖြစ်ပါတယ်။








No comments:

Post a Comment