မလေးရှားအစိုးရက အထိန်းသိမ်းခံ မြန်မာလုပ်သားများအား ဌာနေပြန်ပို့ဖို့ အဆိုပြုထားတာနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးအဖွဲ့အစည်း တစ်ရပ်က စစ်အစိုးရကြီးစိုးနေတဲ့ မြန်မာပြည်ကို ပြန်ပို့လိုက်ရင် သူတို့ရဲ့ အသက်အန္တရာယ် စိုးရိမ်းဖွယ်ရှိတယ်လို့ ၁၉ ရက်နေ့မှာ ပြောလိုက်ပါတယ်။
မလေးရှား ပြည်ထဲရေးဝန်ကြီး ဟိရှာမူဒင် ဟူစိန် (Hishammuddin Hussein) က ယာယီထိန်းသိမ်းရေး စခန်းမှာရှိတဲ့ မြန်မာနိုင်ငံသား ၁၀၀၀ အနက် တချို့ကို မြန်မာပြည် ပြန်ပို့မှာဖြစ်ပြီး မြန်မာနိုင်ငံကလဲ မလေးနိုင်ငံသားများကို ပြန်ပို့ဖို့ သဘောတူထားတယ်လို့ အခုအပတ်ထဲမှာ ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံသားတွေကို ပြန်ပို့ရတာက ထိန်းသိမ်းရေးစခန်းတွေမှာ လူတွေကြပ်ညှပ်နေလို့ဖြစ်တယ်။ ဒုက္ခသည် အကာအကွယ်ပေးရေး သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
No comments:
Post a Comment