အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) က မြန်မာနိုင်ငံအပေါ် ထားရှိသည့် စီးပွားရေး ပိတ်ဆို့မှုကို ဆက်လက်သွားဖို့် အမေရိကန်က စီစဉ်ထားကြောင်း ဒါပေမဲ့ အကယ်လို့ မြန်မာအစိုးရသစ်က စစ်မှန်တဲ့ ပြောင်းလဲမှုတွေ လုပ်ဆောင်သွားမယ်ဆိုရင် ဝါရှင်တန်ဘက်က ကောင်းကောင်းမွန်မွန် တုန့်ပြန်လိမ့်မယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံကို ပထမဦးဆုံးအကြိမ် အလည်အပတ်ရောက်နေတဲ့ မစ်ချဲလ်က မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲရေးအတွက် မျှော်လင့်ချက်တွေ မြင့်မားနေတာကို တွေ့ရပေမဲ့ အစိုးရရဲ့ ဒီမိုကရေစီ အကောင်အထည်ဖော်ရေး ကတိကိုတော့ သံသယဝင်စရာ ရှိနေသေးတယ်လို့ ၁၄ ရက်နေ့က ရန်ကုန်မှာ ပြောပါတယ်။
၆ ရက်ကြာတဲ့ ခရီးစဉ်အတွင်းမှာ မစ်ချဲလ်ဟာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
မစ်ချဲလ်ဟာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ နီးပါးကို လွှတ်ပေးဖို့ တောင်းဆိုခဲ့သလို မြန်မာနဲ့ မြောက်ကိုးရီးယား ဆက်ဆံရေးအပေါ် စိုးရိမ်မိကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။
ကိုးကား ။ ။ အေပီ
No comments:
Post a Comment