ကြုံတောင့်ကြုံခဲ လူထုဆန့်ကျင်ဆန္ဒပြမှုပြီးနောက် အမေရိကန်ဒေါ်လာ သန်း ၃၆၀၀ ကျော် အကုန်အကျခံတည်ဆောက်နေတဲ့ ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံရေအားပေး လျှပ်စစ်စက်ရုံ စီမံကိန်းကို ခေတ္တရပ်ဆိုင်း ထားလိုက်ပြီလို့ အစိုးရ အရာရှိတစ်ဦးက ပြောကြောင်း အေအက်ဖ်ပီ သတင်းမှာ ဖော်ပြထားပါတယ်။
သမ္မတဦးသိန်းစိန်က တရုတ်ပံ့ပိုးတဲ့ မြစ်ဆုံစီမံကိန်းကို လက်ရှိအစိုးရလက်ထက်မှာ ရပ်ဆိုင်းမယ်လို့ လွှတ်တော်အစည်းအဝေးထံ သ၀ဏ်လွှာ ပေးပို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
သမ္မတက အခုလို ဆုံးဖြတ်တာကလဲ လက်ရှိအစိုးရဟာ လူထုက ရွေးကောက်တင်မြှောက်ထားတာမို့ အစိုးရက လူထုဆန္ဒကို လေးစားဖို့လိုအပ်တယ်လို့ သမ္မတက လက်ခံထားတဲ့အကြောင်း အမည်မဖော်လိုတဲ့ အရာရှိက အေအက်ဖ်ပီကို ပြောပြပါတယ်။
ကိုးကား - AFP
No comments:
Post a Comment