ဩစေၾတးလ် အစိုးရက အနာဂတ်တွင် လိင်ပြောင်းထားသူ သို့မဟုတ် မိမိကိုယ်ကို သံသယဖြစ်နေသူများ ဆရာဝန်၏ ထောက်ခံချက်ကို ရရှိပါက နိုင်ငံကူးလက်မှတ်၌ လိင်ပိုင်းဆိုင်ရာ တတိယရွေးချယ်မှု ထည့်သွင်းခွင့်ရမည်ဟု ဆိုသည်။
စီးနိတ်အမတ် Louise Pratt က ဤကဲ့သို့သော ပြုပြင်ပြောင်းလဲမှုကြောင့် အချို့သောခရီးသည်များအတွက် ကသိကအောက်ဖြစ်စရာ မလိုတော့ကြောင်း ပြောသည်။ ယင်းခရီးသည်များ၏ အသွင်အပြင်သည် နိုင်ငံကူးလက်မှတ်အတွင်း ရေးသားထားသော လိင်နှင့် ကွဲပြားမှုရှိသောကြောင့် မလိုအပ်သည့် မေးမြန်းစစ်ဆေးမှုများ၊ ထိန်းသိမ်းခံရခြင်းများ ရှိသည်ဟု ဆိုသည်။
စီးနိတ်အမတ် Louise Pratt ၏ အိမ်ထောင်ဖက်မှာ မွေးဖွားစဉ် အမျိုးသမီးဖြစ်ပြီး ယခုတွင် ယောက်ျားသားအဖြစ် လိင်ပြောင်းထားသူ ဖြစ်သည်။
ကိုးကား - အေပီ
No comments:
Post a Comment