Wednesday, September 21, 2011

Google+ welcomes everyone

လူမှုကွန်ရက် အင်တာနက် ဝက်ဘ်ဆိုဒ် တစ်ခုဖြစ်တဲ့ Google+ အစမ်းလွှင့်တင်တာ ၃ လကြာပြီးနောက် အရင်က ဖိတ်ကြားခံရသူမှသာ အသုံးပြုနိုင်မယ်ဆိုတဲ့  ကန့်သတ်ချက် မရှိတော့ပဲ Google အကောင့်ရှိသူမှန်သမျှကို ကြိုဆိုလိုက်ပါပြီ။  


တချိန်တည်းမှာ Google ကလဲ မွမ်းမံချက်အသစ်တွေ တိုးချဲ့ထားပါတယ်။ သုံးစွဲသူများက Google+ မှာလဲ အချက်အလက် ရှာဖွေနိုင်အောင် စီစဉ်ထားတဲ့အပြင် Hangouts ဗီဒီယို ဖုန်းပြောခြင်းကို လက်ကိုင် မိုဘိုင်းဖုန်းကနေ သုံးနိုင်တော့မှာဖြစ်ပြီး ကိုယ့်ရဲ့ ဗီဒီယိုကို တခြား Google အသုံးပြုသူဆီ မျှဝေနိုင်တော့မှာပါ။  
  
 Hangouts ကနေ အသုံးပြုသူတွေက အင်တာနက်မှာ စကားဝိုင်းဖွဲ့နိုင်တယ်။ အများဆုံး ၉ ယောက် တစ်ပြိုင်တည်း ပြောနိုင်တယ်။ ဒီမွမ်းမံချက် အသစ်ကို Android ပါတဲ့ စမတ်ဖုန်းမှာ သုံးနိုင်တော့မှာပါ။

No comments:

Post a Comment