နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ကျနေတဲ့ ကာလအတွင်း တယ်လီဖုန်းနဲ့ အင်တာနက် မသုံးနိုင်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အခု လွတ်လွတ် လပ်လပ် ဖြစ်နေပြီဆိုပေမဲ့ အချိန်မပေးနိုင်လို့ ဖေ့စ်ဘွတ် (Facebook)၊ တွစ်တာ (Twitter) တို့ကို မသုံးနိုင်ဘူးလို့ ရန်ကုန်ရုံးခန်းမှာ အေအက်ဖ်ပီ (AFP) သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောလိုက်ပါတယ်။
“အကယ်လို့ တွစ်တာတို့ ဘာတို့ကို သုံးနေရင် ကျမအချိန်တွေ ပဲ့သွားမှာပေါ့။ ကျမဝန်ခံရရင် တကယ်ကို အလုပ်များနေတာ။ ၇ နှစ်ကြာ စုပုံနေတဲ့ အလုပ်တွေက ထုနဲ့ဒေးနဲ့လေ။”လို့ ဒေါ်စုက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာတုန်းက နေအိမ်အကျယ်ချုပ် လွတ်လွတ်ချင်းမှာ ဒေါ်စုက လူမှုရေးကွန်ယက် သုံးချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒေါ်စုက အခုလက်ရှိမှာတော့ အန်အယ်ဒီ (NLD) က ပြည်ပရောက် ထောက်ခံသူတွေ တင်ထားတဲ့ အင်တာနက် စာမျက်နှာကို သုံးနေပါတယ်လို့ ပြောပါတယ်။
ကိုးကား - အေအက်ဖ်ပီ
No comments:
Post a Comment