Wednesday, November 30, 2011

Clinton meets Thein Sein in Nayphyitaw

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်ဟာ ဒီဇင်ဘာ ၁ ရက်နေ့က နေပြည်တော်မှာ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံရာမှာ မြန်မာအစိုးရသစ်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ် အမေရိကန် သမ္မတ ဘာရက် အိုဘားမားရော သူမကိုယ်တိုင်ကပါ အားတက်မိတယ်လို့ ပြောပါတယ်။ သမ္မတဦးသိန်းစိန်က မြန်မာနဲ့ ဝါရှင်တန်အကြား ဆက်ဆံရေး ကဏ္ဍသစ်ကို ကြိုဆိုကြောင်း ပြောပါတယ်။

မစ္စကလင်တန်ဟာ နှစ် ၅၀ အတွင် ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို သွားရောက်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဖြစ်ပါတယ်။ သူမဟာ နေပြည်တော်မှာ ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် ရန်ကုန်ဘက်ကို ခရီးဆက်မှာပါ။

မစ္စကလင်တန်က ရန်ကုန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ညစာစားဖို့ စီစဉ်ထားတဲ့အပြင် သောကြာနေ့မှာ တရားဝင်တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။

ဒေါ်စုက ၃၀ ရက်နေ့က ဝါရှင်တန်မှာကျင်းပတဲ့ ဆွေးနွေးပွဲတစ်ရပ်မှာ ဗီဒီယိုကနေတဆင့် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်ရဲ့ ခရီးစဉ်ဟာ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးဘက် ဦးတည်သွားမယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။ ဒေါ်စုကလဲ သူမကိုယ်တိုင်က ထိတွေ့ဆက်ဆံမှုကို ပိုမိုလိုလားသူဖြစ်တယ်။ အမေရိကန်က မြန်မာနဲ့ ထိတွေ့ဆက်ဆံမှုကို တွေ့ရတာ ဝမ်းသာမိတယ်လို့ ဆိုပါတယ်။ 

ref : AFP

No comments:

Post a Comment