မြန်မာနိုင်ငံသားများ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်နဲ့ သက်ဆိုင်တဲ့ ဥပဒေတစ်ရပ်ကို လွှတ်တော်က အတည်ပြုလိုက်ပြီ ဖြစ်တယ်လို့ အမျိုးသားလွှတ်တော်အမတ် ဦးအေးမောင် (ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ) က ၂၄ ရက်နေ့က ပြောပါတယ်။
နိုင်ငံတော် သမ္မတဦးသိန်းစိန်က လက်မှတ်ရေးထိုး ပြဋ္ဌာန်းဖို့ လိုနေသေးတဲ့ ဒီဥပဒေသတ်မှတ်ချက်အရ ဆန္ဒပြသူတွေဟာ ၅ ရက်ကြိုပြီး အာဏာပိုင်ထံ အသိပေးရမှာ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေက အလံများ၊ ပါတီအမှတ်တံဆိပ်များ ကိုင်ဆောင် ဆန္ဒပြခွင့်ရှိပါတယ်။ ဒါပေမဲ့ အစိုးရ အဆောက်အအုံများ၊ ကျောင်းများ၊ ဆေးရုံများနဲ့ သံရုံးများမှာတော့ ဆန္ဒပြခွင့်မရှိပါဘူး။
ကိုးကား - AFP
No comments:
Post a Comment