Tuesday, November 22, 2011

No easing of Myanmar sanctions in Clinton trip: US


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီ ကလင်တန် နောက်အပတ်ထဲ မြန်မာနိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပေမဲ့လဲ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုကို ဖြေလျှော့ပေးဖို့ အချိန်မတိုင်သေးဘူးလို့ အမေရိကန် အထက်တန်း အရာရှိတစ်ဦးက ပြောပါတယ်။

မစ္စကလင်တန်က တိုင်းရင်းသားများအား ဆက်ဆံပုံအပါအဝင် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေ တိုးတက်မှုကို လေ့လာမှာဆိုပေမဲ့ ဒဏ်ခတ်မှု ဖျက်သိမ်းရေး ဆွေးနွေးဖို့ စောသေးတယ်လို့ အိမ်ဖြူတော်အရာရှိ ဘင်ရုဒ်က ပြောပါတယ်။

အမေရိကန်ဘက်က မြန်မာအစိုးရ လက်ရှိ လမ်းစဉ်အတိုင်း ဆက်လက်လျှောက်လှမ်း သွားမယ်လို့ ယုံကြည်ထားတယ်။ ဒီအချက်ဟာလဲ အမေရိကန်ဘက်က အာရုံစိုက်သွားမဲ့ အချက်ဖြစ်တယ်လို့ ဘင်ရုဒ်က ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ထွန်းလာပြီးတဲ့နောက် အမေရိကန် သမ္မတ ဘာရက် အိုဘားမားက ပြီးခဲ့တဲ့အပတ် ဘာလီမှာ ကျင်းပတဲ့ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲမှာ မစ္စကလင်တန်ဟာ နှစ် ၅၀ အတွင်း မြန်မာနိုင်ငံကို သွားရောက်မဲ့ ပထမဦးဆုံးသော နိုင်ငံခြားရေးဝန်ကြီး ဖြစ်လိမ့်မယ်လို့ ကြေညာခဲ့တာပါ။

ကိုးကား - AFP

No comments:

Post a Comment