Monday, November 21, 2011

Daw Suu intends to join by-election

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ရည်ရွယ်ထားတယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ၂၁ ရက်နေ့မှာ ပြောပါတယ်။ ဒါပေမဲ့ ဘယ်မဲဆန္ဒနယ်ကို ကိုယ်စားပြုမယ်ဆိုတာကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။

NLD က ပြီးခဲ့တဲ့ သောကြာနေ့မှာ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံပြန်တင်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ သောကြာနေ့မှာပဲ ဒေါ်စုက ‘တစ်ယောက်ယောက်က နိုင်ငံရေးမှာ ပါဝင်ပတ်သက်မယ်ဆိုရင် လိုအပ်တာကို လုပ်ဆောင်ရမှာပဲ။ အကယ်လို့ ကျမ ရွေးကောက်ပွဲမှာ ဝင်ပြိုင်သင့်တယ်လို့ ထင်ရင် ကျမဝင်ပြိုင်မှာပါ။’ လို့ အရိပ်အမြွက်ပြ ပြောခဲ့ပါတယ်။

လက်ရှိ ပြည်ထောင်စုလွှတ်တော် နှစ်ရပ်မှာ လစ်လပ်နေတဲ့ အမတ်နေရာ ၄၈ နေရာရှိပြီး လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်တော့ ကျင်းပမလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

နိုင်ငံတော် သမ္မတဦးသိန်းစိန်က အင်ဒိုနီးရှား ဘာလီကျွန်းမှာ အရှေ့တောင်အာရှ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်တဲ့ ကာလအတွင်း NLD က နိုင်ငံရေး ပင်မရေစီးကြောင်းထဲ ပြန်ဝင်ဖို့ ဆုံးဖြတ်တာကို ကြိုဆိုတဲ့အကြောင်း မြန်မာသတင်းထောက်တွေကို ပြောပြပါတယ်။

‘NLD အခုလိုဆုံးဖြတ်တာကို ကျနော်ကျေနပ်မိတယ်။ (ဒေါ်စု) လွှတ်တော်မှာ ပါဝင်ဖို့ ကြိုဆိုပါတယ်။’ လို့ မြန်မာတိုင်း(မ်)မှာ ဖော်ပြထားပါတယ်။ 

ကိုးကား - AP, AFP

No comments:

Post a Comment