အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က စစ်ဘက်က ကျောထောက်နောက်ခံထားတဲ့ မြန်မာအစိုးရအတွင်း ပြောင်းလဲတဲ့ လက္ခဏာတွေ့ရတယ်ဆိုပေမဲ့ လူ့အခွင့်အရေး အပိုင်းမှာ တိုးတက်မှုရှိအောင် အခုထက် ပိုမိုလုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ၁၁ ရက်နေ့က ပြောပါတယ်။
ဟာဝိုင်ယီ ဟိုနိုလူလူမှာ ကျင်းပတဲ့ အေးပက် (APEC) ဆွေးနွေးပွဲကို တက်ရောက်ဖို့ ရောက်ရှိနေတဲ့ Hillary Clinton က အမေရိကန်ရဲ့ ထိတွေ့ဆက်ဆံရေး မူဝါဒနဲ့အတူ မြန်မာနိုင်ငံမှာ အပြောင်းအလဲ အစစ်အမှန် ရှိတယ်ဆိုတာ ယုံကြည်ပေမဲ့ ပိုလုပ်ဖို့ လိုတယ်။ အမေရိကန်က လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်ပြီး စိုးရိမ်နေတယ်လို့ ထပ်လောင်း ပြောကြားလိုက်ပါတယ်။
သူမကလဲ မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ တိုင်းရင်းသား နယ်မြေများမှာ အကြမ်းဖက်မှုတွေကို ရပ်ဆိုင်းဖို့ ဆက်လက် နိုးဆော်လိုက်ပါတယ်။
မြန်မာနိုင်ငံနဲ့ မြောက်ကိုးရီးယား နျူကလီးယား နည်းပညာ အပါအဝင် နယ်ပယ်အများအပြားမှာ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်လာပြီးနောက် Hillary Clinton က နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုပွင့်လင်းဖို့ လိုတယ်လို့လဲ တိုက်တွန်းထားပါတယ်။
ကိုးကား - AFP
No comments:
Post a Comment