Friday, November 25, 2011

Than Shwe 'really retired': official

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အမှန်တကယ်ပဲ အငြိမ်းစားယူသွားပါပြီလို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နေပြည်တော်မှာ သူပထမဆုံးအကြိမ် ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ လူသိရှင်ကြား ပြောလိုက်ပါတယ်။

သူရဦးရွှေမန်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီမှာ လုံးဝပါဝင် ပတ်သက်ခြင်း မရှိတော့ဘူးလို့ ဆိုပါတယ်။ ရှင်းရှင်းပြောရရင် ဗိုလ်ချုပ်မှူးကြီးဟာ ပါတီနဲ့ရော၊ အစိုးရနဲ့ရော၊ လွှတ်တော်နဲ့ရော လုံးဝမပတ်သက်တော့ဘူးလို့ ပြောပါတယ်။

အခုနှစ်မတ်လ အစိုးရသစ် မဖွဲ့စည်းမီအထိ အစိုးရပိုင် သတင်းစာရဲ့ ပထမစာမျက်နှာမှာ နေ့တိုင်းနီးပါး ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဓာတ်ပုံက နေရာယူခဲ့ပါတယ်။ ကြာသပတေးနေ့ထုတ် သတင်းစာရဲ့ သတင်းတစ်ပုဒ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) လို့ရေးပြီး တရုတ်ပြည်က ပင့်ဆောင်လာပြီး ဘုရားရှင်လူအများ ဖူးမြော်နိုင်ဖို့ မြန်မာပြည်မှာ ယာယီစံမြန်းနေတဲ့ ဗုဒ္ဓမြတ်စွယ်တော်အတွက် အလှူငွေထည့်ဝင်ကြောင်း ရှားရှားပါးပါး ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါဟာလဲ ဒီလထဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အမည် ပထမဆုံးအကြိမ် သတင်းစာထဲ ပါလာတာပါ။

အခုလို သိုသိုသိပ်သိပ် ရှိနေပေမဲ့လဲ နိုင်ငံရေးလေ့လာသူတွေက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လုံးဝလက်လွှတ်သွားပြီလို့ ယုံကြည်ဖို့ ခက်တယ်လို့ ဆိုကြပါတယ်။ သုံးသပ်သူတချို့က အထွေထွေရွေးကောက်ပွဲအပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ မြန်မာအစိုးရအပေါ် နည်းများမဆို ဩဇာလွှမ်းမိုးမှု ရှိနေဆဲလို့ ယူဆကြပါတယ်။

ကိုးကား - AFP

No comments:

Post a Comment