Friday, November 25, 2011

Myanmar wants 'regular relationship' with US

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် မြန်မာနိုင်ငံကို မသွားခင် မြန်မာနိုင်ငံက အမေရိကန်နဲ့ ပုံမှန်ဆက်ဆံရေး တည်ဆောက်လိုပါတယ်လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောပါတယ်။

လက်ရှိ မြန်မာအစိုးရအတွင်း ဩဇာကြီးမားသူ တစ်ဦးအဖြစ် အများက ရှုမြင်ထားတဲ့ သူရဦးရွှေမန်းက မစ္စကလင်တန် လာရောက်လည်ပတ်တာကို ကြိုဆိုပါတယ်လို့ ပြောပါတယ်။ မစ္စကလင်တန်ဟာ နှစ် ၅၀ အတွင်း မြန်မာနိုင်ငံကို သွားရောက်တဲ့ ပထမဦးဆုံးသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပါတယ်။

သူရဦးရွှေမန်းက သူနေပြည်တော်မှာ ပထမဦးဆုံးအကြိမ် ကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ နှစ်နိုင်ငံအကြား ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးအတွက် လမ်းဖွင့်ထားတယ်၊ မစ္စကလင်တန်ရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံအစိုးရအတွက်တင်မက နှစ်ဘက်ပြည်သူများနဲ့ တကမ္ဘာလုံးအတွက် ကောင်းတယ်လို့ ဆိုပါတယ်။

ကိုးကား - AFP

No comments:

Post a Comment