မြန်မာအစိုးရက ၁၄ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့် အသစ်တစ်ရပ်ကို ကြေညာလိမ့်မယ်လို့ အရာရှိတစ်ဦးက ၁၃ ရက်နေ့မှာ ပြောလိုက်ပါတယ်။
အမည်မဖော်လိုတဲ့ ယင်းအရာရှိက တနင်္လာနေ့မှာ အကျဉ်းသားတွေ ထပ်လွတ်လာမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ ပြောမထားပါဘူး။
နောက်အရာရှိတစ်ဦးက လွတ်တဲ့အထဲ ရန်ကုန်ပြင်ပ အကျဉ်းထောင်က ယုံကြည်မှုကြောင့် အကျဉ်းကျ နေသူတွေ ပါလိမ့်မယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လကပေးတဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ အကျဉ်းသား ၆ ထောင်ကျော် လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမဲ့ အဓိကျတဲ့ နိုင်ငံရေး အကျဉ်းသားတွေ မပါတာကြောင့် နိုင်ငံရေး အကဲခတ်သူတွေနဲ့ အတိုက်အခံတွေကို စိတ်ပျက်သွားစေခဲ့ပါတယ်။
လာမဲ့ရက်ပိုင်းအတွင်း အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ရှိတာကြောင့် အခုတခေါက် လွတ်ငြိမ်းချမ်းသာခွင့်ဟာလဲ နိုင်ငံတကာ အမြင်ပိုကောင်းအောင် လုပ်ဆောင်ခြင်းဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။
ကိုးကား - AFP
No comments:
Post a Comment