Friday, November 4, 2011

Jailed Myanmar hunger strikers 'denied water'

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့အစည်းက မြန်မာ နိုင်ငံရေးအကျဉ်းသား ၁၅ ယောက်လောက် အစာငတ်ခံဆန္ဒပြတာကို အပြစ်ပေးတဲ့အနေနဲ့ သောက်ရေတောင်မပေးဘူးလို့ သတင်းထွက်နေတာနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း နိုဝင်ဘာ ၄ ရက်နေ့က ပြောပါတယ်။

ရန်ကုန် အင်းစိန်ထောင်က အမျိုးသား အကျဉ်းသား ၈ ဦးဟာ တိုက်ပိတ်ခံနေရတယ်လို့ ဆိုပါတယ်။ အကျဉ်းသားတွေက အောက်တိုဘာ ၂၆ ရက်နေ့ကစလို့ အစာငတ်ခံ ဆန္ဒပြခဲ့တာပါ။

လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့အစည်းက သောက်ရေတောင်မပေးရင် အကျဉ်းသားတွေ ရေငတ်သေနိုင်တယ်လို့ စိုးရိမ်မကင်းဖြစ်နေပြီး ဒီလုပ်ရပ်ဟာ ကုလသမဂ္ဂက ထုတ်ပြန်ထားတဲ့ အကျဉ်းသားဆိုင်ရာ အခွင့်အရေးကို ချိုးဖောက်ရာ ရောက်တယ်လို့ ပြောပါတယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင် အရေးအခင်းမှာ ဦးစီးဦးဆောင် လုပ်ခဲ့တဲ့ ဦးဇင်း အရှင်ဂမ္ဘီရ အသည်းအသံ ဖျားနာနေတာကိုလဲ စိုးရိမ်မိကြောင်း၊ ဦးဂမ္ဘီရကို အမြန်ဆုံး ဆေးရုံတင် ကုသပေးဖို့ လိုအပ်ကြောင်း လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့အစည်းက ဖော်ပြပါတယ်။

ဦးဂမ္ဘီရကို ထောင်ဝင်စာ သွားတွေ့ခဲ့သူက ဦးဂမ္ဘီရဟာ စကားတောင် မပြောနိုင် ဖြစ်နေတယ်။ ကိုယ်ခန္ဓာမှာလဲ နှိပ်စက်ခံရတဲ့ ဒဏ်ရာတွေ ရှိပြီး ခေါင်းကိုက်တဲ့ ဝေဒနာ ခံစားနေရတယ်လို့ သိရပါတယ်။

ကိုးကား - AFP

No comments:

Post a Comment