Thursday, March 15, 2012

US voices concern over Myanmar refugees


မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှာ အစိုးရနဲ့ တိုင်းရင်းသားအကြား ပဋိပက္ခကြောင့် စစ်ပြေးနေရတဲ့ ထောင်သောင်းမကတဲ့ ဒုက္ခသည်တွေအရေး အမေရိကန်က စိုးရိမ်နေတယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် အထူးသံတမန် မစ္စတာ ဒဲရက် မစ်ချဲလ် (Derek Mitchell) က ရန်ကုန်မှာ ၁၅ ရက်နေ့က ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ လပိုင်းအတွင်း တိုင်းရင်းသား နယ်မြေ အတော်များများမှာ တိုးတက်မှုရှိတာ တွေ့ရတယ်။ ဒါပေမဲ့ ကချင်ပြည်နယ်က အကြမ်းဖက်မှုတွေကတော့ ဒီအလားအလာနဲ့ တပြေးတည်း ဖြစ်မနေဘူးလို့ မစ္စတာ မစ်ချဲလ်က ပြောပါတယ်။
         
မစ္စတာ မစ်ချဲလ်က မြန်မာအစိုးရ ဝန်ကြီးများနဲ့အတူ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လဲ တွေ့ဆုံခဲ့ပါတယ်။ မစ္စတာ မစ်ချဲလ်က ဌာနေက ထွက်ပြေးသွားရတဲ့ ဒုက္ခသည်များအတွက် အမေရိကန်ဘက်က ဒေါ်သာ ၁ သန်းခွဲ အကူအညီပေးဖို့လဲ ကြေညာလိုက်ပါတယ်။

Ref : AP

No comments:

Post a Comment