Thursday, March 15, 2012

Suu Kyi hopes to travel outside Myanmar soon


မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မကြာတော့တဲ့ အချိန်အတွင်းမှာ နိုင်ငံခြားကို ခရီးထွက်နိုင်ဖို့ မျှော်လင့်တယ်လို့ ၁၅ ရက်နေ့က ပြောလိုက်ပါတယ်။ ထွက်ဖြစ်မယ်ဆိုရင် ၁၉၈၈ ခုနှစ် ဒေါ်စု မြန်မာနိုင်ငံပြန်ပြီးတဲ့နောက် ပထမဆုံး ခရီးစဉ် ဖြစ်ပါတယ်။

ဟောင်ကောင်တက္ကသိုလ်က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ဥပဒေပညာရပ်ဆိုင်ရာ ပါရဂူဘွဲ့ကို လက်ခံတဲ့ ဗွီဒီယို မိန့်ခွန်းမှာ ဖြစ်နိုင်ရင် အချိန်တိုတိုပဲ ဖြစ်ဖြစ် မြန်မာပြည်ပြင်ပကို ခရီးထွက်ချင်တယ်။ အဲဒီအခါကျရင် ဟောင်ကောင်ကို သွားနိုင်မယ်။ ဟောင်ကောင်တက္ကသိုလ်ရဲ့ ကျောင်းပုရဝုဏ်ကိုလဲ သွားကြည့်ချင်ပါတယ်လို့ ပြောလိုက်ပါတယ်။

အတိတ်မှာ နိုင်ငံခြားက ကြိမ်ဖန်များစွာ သွားရောက်လည်ပတ်ဖို့ ဖိတ်ကြားပေမဲ့ မိခင်ကို စောင့်ရှောက်ဖို့ ဒေါ်စု မြန်မာပြည်ပြန်ပြီးတဲ့ အချိန်ကစလို့ အခုထိ ပြည်ပကို မထွက်ခွာခဲ့ပါဘူး။ ၁၉၉၉ ခုနှစ်မှာ ခင်ပွန်းသည် မစ္စတာ မိုက်ကယ် အဲရစ် (Michael Aris) ကင်ဆာရောဂါ နောက်ဆုံးအဆင့်ကို ခံစားနေရချိန်မှာတောင် စစ်အစိုးရက ပြည်ဝင်ခွင့်ပြန်မပေးမှာ စိုးရိမ်လို့ မြန်မာပြည်က ထွက်ပြီး ခင်ပွန်းဖြစ်သူရဲ့ နောက်ဆုံးတစ်မျက်နှာကို သွားမတွေ့ခဲ့ပါဘူး။

မြန်မာအစိုးရက ဒေါ်စုကို လွတ်လွတ်လပ်လပ် ခရီးသွားခွင့်ရှိပါတယ်လို့ ပြောထားပေမဲ့လဲ လူထုက ဒေါ်စု တိုင်းပြည်ထဲ ပြန်မဝင်နိုင်မှာကို စိုးရိမ်နေကြပါတယ်။

Ref : AFP

No comments:

Post a Comment