Saturday, March 3, 2012

Taiwan opposition leader hails ‘The Lady’


ထိုင်ဝမ် သမ္မတရွေးကောက်ပွဲမှာ ရှုံးနှိမ့်ခဲ့ပြီးနောက် အတိုက်အခံ ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌရာထူးက နုတ်ထွက်လိုက်တဲ့ မစ္စချိုက်ယင်းဝန်ဟာ ပါတီဝင်များနဲ့အတူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ဇာတ်ကားကို ကြည့်ရှုခဲ့ပါတယ်။

ရုပ်ရှင်ပွဲပြီးနောက် ချိုက်ယင်းဝန်က ဒီရုပ်ရှင်ကနေ နိုင်ငံရေးကြောင့် မိသားစုခွဲခွာခဲ့ရတာ၊ ခံစားချက်တွေကို မျိုသိပ်ခဲ့ရတာ၊ နိုင်ငံရေးဟာ ရက်စက်တယ်ဆိုတာ တွေ့ရတယ်။ ထိုင်ဝမ်ရဲ့ နိုင်ငံရေးသမား အတော်တော်များများဟာလဲ အတိတ်မှာ ဒေါ်စုလိုပဲ တွေ့ကြုံခဲ့ကြရတယ်။ နာမည်ပျက်စာရင်းထဲ အသွင်းခံရလို့ နိုင်ငံရပ်ခြားမှာ သောင်တင်ခဲ့ကြရတယ်။ မိဘသေဆုံးလို့တောင် ထိုင်ဝမ်ပြန်လာခွင့် မရှိခဲ့ဘူးလို့ ပြောပါတယ်။

ချိုက်ယင်းဝန်ကလဲ ဒီမိုကရေစီ လမ်းကြောင်းမှာ လူအတော်တော်များများ ပေးဆပ်ခဲ့ကြရတယ်။ တချို့ဆို အသက်တောင် စတေးခဲ့ရတယ်။ တချို့က ချစ်ခြင်းမေတ္တာကို စွန့်လွတ်ခဲ့ရတယ်။ ရုပ်ရှင်နောက်ဆုံးမှာ ဒေါ်စုပြောသွားတဲ့စကားက တကမ္ဘာလုံးကို ပြောသွားတာ။ အဲဒါကတော့ ‘ခင်ဗျားတို့ရဲ့ လွတ်လပ်မှုနဲ့ ကျွန်မတို့ရဲ့ လွတ်လပ်မှု တိုးတက်အောင် အားပေးကြပါ။’ ဆိုတာပဲ။ ထိုင်ဝမ်သားတွေက မြန်မာနိုင်ငံသားတွေကို ကူညီဖို့ တာဝန်ရှိတယ်လို့ ထောက်ပြသွားပါတယ်။

ချိုက်ယင်းဝန်က ဒီရုပ်ရှင်ဇာတ်ကားကို ကြည့်ပြီးတော့ အနာဂတ်မှာ ဆောင်ရွက်စရာတွေ အများကြီး ရှိသေးတယ်ဆိုတာ တွေ့ရတယ်။ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီစနစ် ပိုကောင်းအောင် လုပ်ကြရမယ်။ ထိုင်ဝမ်က ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုဟာ မြန်မာနိုင်ငံသားတွေထက် နည်းမှာမဟုတ်ဘူး။ ထိုင်ဝမ်ရဲ့ ဒီမိုကရေစီ ရှေ့ဆက်လှမ်းနိုင်ဖို့ဟာ လူထုရဲ့ တာဝန်ဖြစ်တယ်။ အတိုက်အခံ ဖြစ်တဲ့ ဒီပီပီက လူထုအတွက် ခိုင်ခိုင်မာမာ ရပ်တည်သွားဖို့ လိုတယ်လို့ ဆိုပါတယ်။

ချိုက်ယင်းဝန်ကလည်း လတ်တလောကြည့်ရတဲ့ ရုပ်ရှင်တွေထဲမှာ ဒီဇာတ်ကားက အကောင်းဆုံးပဲ။ ဒီဇာတ်ကားရဲ့ အဓိပ္ပာယ် အင်မတန်မှ လေးနက်လှတယ်။ ရုပ်ရှင်ကြည့်ပြီးတော့ လူထုအတွက် အခုထက်ပို လုပ်ဆောင်သွားဖို့ ဆုံးဖြတ်မိတယ်လို့ နောက်ဆုံးပြောကြားသွားပါတယ်။  

Ref : CNA

No comments:

Post a Comment