မြန်မာ့အတိုက်အခံခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံးသော မဲဆွယ်စည်းရုံးရေး မူဝါဒသဘောတရား
ရုပ်မြင်သံကြား ဟောပြောချက်ကို တရားဝင်မထုတ်လွှင့်မီ အင်တာနက်ပေါ်မှာ တွေ့မြင်နေရပြီဖြစ်ပါတယ်။ ဒေါ်စုက
ဒီဟောပြောချက်မှာ ဒီမိုကရေစီစနစ် ပိုမိုခိုင်မြဲရေးအတွက် တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ရှေ့တန်းတင် အဓိကထား ပြောကြားသွားပါတယ်။
ဧပြီလ
၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် (Facebook) နဲ့ ဗွီဒီယိုမျှဝေရေး
ယူကျု(ပ်) (YouTube) စတဲ့ ဝက်ဘ်ဆိုက်တွေမှာတင်ထားတဲ့ ၁၄ မိနစ်ကြာ ဗွီဒီယိုမှာ ဒေါ်စုက
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အဓိကမူဝါဒများကို ကြေညာသွားပါတယ်။ အန်အယ်လ်ဒီက
လစ်လပ်နယ်မြေ ၄၈ စလုံးကနေ ပါဝင်အရွေးခံဖို့ ရည်ရွယ်ထားပေမဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးက
သတ်မှတ်ချက်နဲ့ မကိုက်ညီလို့ ၄၇ ဦးသာ ပါဝင်ခွင့်ရှိမှာ ဖြစ်ပါတယ်။
မြန်မာ့အသံနှင့်
ရုပ်မြင်သံကြားမှ တရားဝင်မထုတ်လွှင့်မီ ဒီဟောပြောချက်ကို အင်တာနက်ပေါ် လွှင့်တင်လိုက်တာဟာလဲ
မြန်မာနိုင်ငံအတွင်း ဆင်ဆာဖြတ်တဲ့ စနစ်တွေ ရှိတယ်ဆိုဦးတော့ ဒီမိုကရေစီ လှုပ်ရှားမှု
သတင်းအချက်အလက်များကို ဖော်ပြရာမှာ အင်တာနက်ဟာ ထိရောက်တဲ့ နည်းလမ်းတစ်ခု ဖြစ်တယ်ဆိုတာ
ထင်ပေါ်နေပါတယ်။ ဒါပေမဲ့လဲ မြန်မာနိုင်ငံတွင်းမှာ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ အင်တာနက်ကို
တွင်တွင်ကျယ်ကျယ် မသုံးနိုင်သေးတဲ့အတွက် အစိုးရပိုင် ရုပ်သံနဲ့ အသံလွှင့်ဌာနတွေက ထုတ်လွှင့်ပါမှ
ဒေါ်စုရဲ့ ဟောပြောချက်ကို ပိုများများ ကြည့်ရှု နားထောင် နိုင်ကြမှာ ဖြစ်ပါတယ်။
Ref : AP
No comments:
Post a Comment