အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ
မတိုင်မီ မဲဆွယ်စည်းရုံးရေး အစီအစဉ်တွေကို ရပ်ဆိုင်းပြီး အနားယူမယ်လို့ အန်အယ်လ်ဒီက
၂၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
ဒေါ်စုဟာ
ပြီးခဲ့တဲ့ စနေ တနင်္ဂနွေ တနင်္သာရီတိုင်း မြိတ်မြို့သွား စည်းရုံးဟောပြောရာမှာ ရာသီဥတု
ပူပျင်းတာရယ်၊ ခရီးပန်းတာရယ်နဲ့ ခရီးစဉ်အတွင်း လှေစီးရာမှာ လှိုင်းမူးတာရယ်ကြောင့်
ကိုယ်လက် မအီမသာ ဖြစ်လို့ ခရီးစဉ်ကို ရပ်ဆိုင်း လိုက်ရတာ ဖြစ်တယ်လို့ ကြေညာချက်ထဲမှာ
ဖော်ပြထားပါတယ်။
လက်ရှိမှာ
ဒေါ်စုဟာ ဆရာဝန်ရဲ့ အကြံပေးချက်အတိုင်း ရန်ကုန် တက္ကသိုလ် ရိပ်သာလမ်း နေအိမ်မှာ ၄၊
၅ ရက်လောက် အနားယူမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လာမဲ့
ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီက လစ်လပ်နယ်မြေ ၄၄ ခုက ပါဝင်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်။
ပါတီဝင် ကိုယ်လှယ်လောင်းတွေအတွက် မဲဆွယ်စည်းရုံးဖို့ ဒေါ်စုဟာ ဒီတလောမှာ နိုင်ငံတဝှမ်း
လှည့်လည် ခရီးထွက်ခဲ့ရတာကြောင့် အားနည်းနေတာ ဖြစ်တယ်လို့ အန်အယ်လ်ဒီက ပြောပါတယ်။ ဒေါ်စုကိုယ်တိုင်ကတော့
ရန်ကုန်တိုင်း ကော့မှူးမြို့နယ် မဲဆန္ဒနယ်မြေက ပါဝင် အရွေးခံမှာ ဖြစ်ပါတယ်။
REF : AP
No comments:
Post a Comment