မြန်မာအတိုက်အခံ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အယ်ဒီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာမဲ့ ဧပြီ
၁ ရက် ကြားဖြတ်ရွေးကောက်ပွဲအတွက် တရားဝင် ထုတ်ပြန်ထားတဲ့ မဲဆန္ဒရှင်စာရင်းမှာ ပုံမှန်မဟုတ်တာ တွေ့ရလို့ မဲလိမ်မှုတွေ
ဖြစ်ပွားလေမလားဆိုတဲ့ သံသယတွေ ဖြစ်စေနိုင်ကြောင်း ၈ ရက်နေ့က သတိပေးလိုက်ပါတယ်။
မဲဆန္ဒရှင်
အမည်စာရင်းမှာ ပါသင့်သူ တချို့မပါဘူး၊ တချို့ အမည်တွေက ကွယ်လွန်ပြီးသူတွေ ဖြစ်ကြောင်း
တိုင်တန်းလာတာတွေ ရှိတယ်လို့ သိရပါတယ်။
ဒေါ်စုက
မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ကနေဒါနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘဲဒ်
(John Baird) နဲ့ ရန်ကုန်နေအိမ်မှာ လက်ခံတွေ့ဆုံပြီးတဲ့နောက် အန်အယ်လ်ဒီက မဲဆန္ဒရှင်အမည်စာရင်းမှာ
မူမမှန်တာတွေကို တွေ့ရှိရတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ရွေးကောက်ပွဲ ကော်မရှင်ထံ လျှောက်ထားပြီး
ဖြစ်တယ်လို့ ဆိုပါတယ်။
ဒေါ်စုက
မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ ဖြစ်စဉ်ကို အသေအချာ အနီးကပ်စောင့်ကြည့်ပြီးမှ မြန်မာနိုင်ငံဆိုင်ရာ
မူဝါဒကို ဆုံးဖြတ်ကြပါလို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို နိုးဆော်လိုက်ပါတယ်။
Ref : AP
No comments:
Post a Comment