ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က နောက်လထဲမှာ မြန်မာနိုင်ငံကို သွားဖို့ရှိတယ်လို့
၂၃ ရက်နေ့က စင်ကာပူနိုင်ငံမှာ ပြောလိုက်ပါတယ်။ တဆက်တည်းမှာလည်း မြန်မာနိုင်ငံအတွင်း
တိုးတက်ပြောင်းလဲမှုတွေကို နိုင်ငံတကာက ထောက်ခံကြဖို့ တိုက်တွန်းလိုက်ပါတယ်။
စင်ကာပူနိုင်ငံ
အစိုးရအရာရှိများ၊ သံတမန်များနဲ့ ပညာရှင်များကို မိန့်ခွန်းပြောကြားရာမှာ ဘန်ကီမွန်းက
အတွင်းရေးမှူးချုပ် ရာထူးသက်တမ်းအတွင်း မြန်မာနိုင်ငံကို ၂ ခေါက်သွားဖြစ်ခဲ့တယ်။ နောက်လထဲမှာ
ထပ်သွားဖို့ရှိတယ်လို့ ပြောပါတယ်။
၂၂ ရက်နေ့
မလေးရှားမှာတုန်းက ဘန်ကီမွန်းကလဲ အခုတခေါက် မြန်မာခရီးစဉ်ဟာ ဧပြီ ကြားဖြတ်ရွေးကောက်ပွဲ
အပြီးမှာ ဖြစ်ဖို့များတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အချိန်အတိအကျကိုတော့ ပြောထားခြင်း
မရှိပါဘူး။
လတ်တလော
မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ချက်တွေကို ကြည့်ပြီး
အားရမိတယ်လို့ ဘန်ကီမွန်းက ပြောပါတယ်။ တချိန်တည်းမှာလဲ မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ်
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူဖို့ ပြင်ဆင်နေတဲ့ အခိုက် ကမ္ဘာတလွှားက မြန်မာနိုင်ငံကို
အကူအညီပေးဖို့လဲ နိုးဆော်လိုက်ပါတယ်။
Ref : AFP
No comments:
Post a Comment