![]() |
| မန္တလေးကျုံးအနီး ဖြတ်သွားစဉ် ကားပေါ်ကနေ လူထုကို နှုတ်ဆက်နေတဲ့ ဒေါ်စု (ဓာတ်ပုံ အေအက်ဖ်ပီ) |
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ဟာ ၃ ရက်နေ့မှာ မန္တလေးသွားပြီး ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲအတွက်
မဲဆွယ်စည်းရုံးရေးဆင်းတာ လူ ၁ သိန်းကျော် စုဝေးကြိုဆိုခဲ့ကြပါတယ်။ ဒေါ်စု ဟောပြောနေတုန်း
ကိုယ်လက်မအီမသာဖြစ်လို့ ခဏနားခဲ့ရပါတယ်။ ဒါပေမဲ့ ဆရာဝန်တွေ စစ်ဆေးပြီးတော့ ပြန်ကောင်းလာပြီလို့
ဆိုပါတယ်။
ဒေါ်စု မန္တလေးမြို့ ဆင်ခြေဖုန်းမှာ ကျင်းပတဲ့
ဟောပြောပွဲကို မိုးရွာနေတဲ့ ကြားထဲက လူ ၁ သိန်းကျော်လောက် တက်ရောက်ခဲ့ပြီး အားပေးကြပါတယ်။
ဒါဟာလဲ မဲဆွယ်စည်းရုံးပွဲတွေ စခဲ့ချိန်နောက်ပိုင်း သွားရောက်နားထောင်သူ အများဆုံး
ဖြစ်ပါတယ်။
ဟောပြောမှု စတင်ပြီး ၁၅ မိနစ်လောက်အကြာမှာ ဒေါ်စုက နေလို့သိပ်မကောင်းဘူး၊
ခဏနားရမယ်လို့ ပြောပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အယ်လ်ဒီပါတီဝင် တစ်ဦးက
ဒေါ်စုက အကြိမ်အတော်များများ အန်တယ်။ ဒါပေမဲ့ ၁၀ မိနစ်လောက်ကြာတော့ စင်ပေါ်ပြန်တက်ပြီး
ဆက်ဟောပြောတယ်လို့ ဆိုပါတယ်။
ဒီခရီးစဉ်မှာ ဒေါ်စုနဲ့အတူ ဆရာဝန် ၂ ဦး လိုက်ပါသွားပါတယ်။
ဆရာဝန်ရဲ့ အပြောအရ ဒေါ်စု ဒီတလော အအေးမိလို့ မအီမသာ ဖြစ်နေတာပါ။ ဟောပြောပွဲပြီးတော့
ဟိုတယ်မှာ အနားယူနေပါပြီ။ စည်းရုံးရေး ခရီးစဉ်တွေက များနေတော့ လူပန်းတာလဲ ပါပါတယ်လို့
ပြောပါတယ်။ အန်အယ်လ်ဒီ ပါတီဝင် မစန္ဒာမင်းက ဒေါ်စု အလုပ်က ဇယ်ဆက်သလိုပဲ နားရတယ်မရှိဘူး။
ဒါကြောင့် အားနည်းနေတာ ဖြစ်မယ်လို့ ပြောပါတယ်။
ဟောပြောပွဲမှာ ဒေါ်စုက ၁၉၈၈ နောက်ပိုင်း ဒီလောက်များတဲ့ ပရိသတ်ကြီးကို မတွေ့ဖူးဘူးလို့ ဆိုပါတယ်။ ဒေါ်စုကလဲ အခုတခေါက် မန္တလေးလာတာ အကူအညီလာတောင်း
တာပါ။ ဧပြီ ၁ ရက်နေ့မှာ ကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီရဲ့ ကိုယ်စားလှယ်လောင်းတွေကို
မဲပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
ဒေါ်စုက လူထုရဲ့ ထောက်ခံမှုနဲ့ နှစ် ၂၀ ကျော်
တိုက်ပွဲဝင်ခဲ့တာ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဖြစ်တယ်။ ကျမတို့ ဒီလိုပဲ ဆက်လျှောက်သွားမယ်။
ကျမတို့ကို ယုံကြည်စိတ်ချပါလို့ ပြောပါတယ်။
Ref: AP, AFP

No comments:
Post a Comment