Tuesday, December 13, 2011

All political prisoners in Myanmar will be freed soon


ကုလသမဂ္ဂ အရာရှိအဖြစ် ထမ်းရွက်ဖူးတဲ့ မြန်မာသမိုင်းပညာရှင် ဦးသန်းမြင့်ဦးက မြန်မာအစိုးရဟာ နောက်လထဲမှာ နိုင်ငံရေးအကျဉ်းသား အများစုကို လွှတ်ပေးလိမ့်မယ်။ အားလုံးကိုတောင် လွှတ်ပေးနိုင်ခြေရှိတယ်လို့ ၁၃ ရက်နေ့က ပြောပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကိုလဲ ဖေဖော်ဝါရီလ ဒါမှမဟုတ် မတ်လထဲမှာ ကျင်းပနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လွှမ်းမိုးမှုရှိတဲ့ ဦးသန်းမြင့်ဦးက စင်ကာပူနိုင်ငံက တွေ့ဆုံမေးမြန်းခန်းတစ်ရပ်မှာ မြန်မာအစိုးရရဲ့ အခုလို လုပ်ဆောင်ချက်တွေဟာ နောင်မှာ ဥရောပသမဂ္ဂ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးကို အထောက်အကူ ဖြစ်စေနိုင်တယ်။ ဒီကတဆင့် အမေရိကန်ကလည်း ပိတ်ဆို့ဒဏ်ခတ်မှုကို ရုပ်သိမ်းပေးလိမ့်မယ်လို့ ယူဆထားပါတယ်။

မြန်မာနိုင်ငံမှာ မနှစ်က နှစ် ၂၀ အတွင်း ပထမဆုံးသော အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး မတ်လမှာ အရပ်ဝတ် အစိုးရတက်လာပြီးနောက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။ ဒီလုပ်ငန်းတွေမှာ နိုင်ငံရေး အကျဉ်းသား တချို့ကို လွှတ်ပေးခြင်း၊ သတင်းနဲ့ စာနယ်ဇင်း ပိုမိုလွတ်လပ်ခွင့်ပေးခြင်း၊ အာဏာပိုင်များက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခြင်း စတာတွေ ပါဝင်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် ပြီးခဲ့တဲ့ ၂ ပတ်က မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံကို အကူအညီပေးဖို့ ကတိပေးခဲ့တဲ့အပြင် သံအမတ် စေလွှတ်ဖို့ စဉ်းစားမယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရရဲ့ နောက်ခြေလမ်းတစ်ရပ်က အစိုးရကြေညာထားပြီးဖြစ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရေးပဲ ဖြစ်ပါတယ်။ အစိုးရပိုင် မြန်မာ့အလင်းသတင်းစာက ၁၃ ရက်နေ့မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တရားဝင်မှတ်ပုံတင်ခွင့် ပြုလိုက်ကြောင်း ဖော်ပြထားပါတယ်။ ဒါဟာလဲ NLD ရွေးကောက်ပွဲ ဝင်ပြိုင်ရေးနဲ့ နိုင်ငံရေး လုပ်ငန်းစဉ်များ ဆက်လက်လုပ်ဆောင်နိုင်ဖို့ လမ်းဖွင့်ပေး လိုက်ခြင်းဖြစ်ပါတယ်။

ကိုးကား - ရိုက်တာ

No comments:

Post a Comment