တရုတ်အစိုးရက
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ၁၅ ရက်နေ့က ပြောပါတယ်။ ဒါဟာလဲ နှစ်
၂၀ အတွင်း တရုတ်အစိုးရက မြန်မာအတိုက်အခံခေါင်းဆောင်နဲ့ ပထမဦးဆုံးအကြိမ် ထိတွေ့ခြင်းဖြစ်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက
၁၅ ရက်နေ့မှာ ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဟာ
ဒေါ်စုရဲ့ ဖိတ်ကြားချက်အရ သွားတွေ့တာဖြစ်ပြီး သူမရဲ့ သဘောထားကို သွားရောက် နာကြားခြင်းဖြစ်တယ်လို့
ဆိုပါတယ်။ အခြားတိုင်းပြည်များရဲ့ အတွင်းရေး ဝင်ရောက်စွက်ဖက်မှု မပြုရေးမူအရ တရုတ်က
မြန်မာနိုင်ငံရဲ့ လူမှုအသိုင်းအဝိုင်း အသီးသီးနဲ့ ထိတွေ့ဆက်ဆံခြင်း ဖြစ်တယ်လို့လဲ ရှင်းပြပါတယ်။
ဒါပေမဲ့ ဘယ်အချိန်မှာ တွေ့ဆုံခဲ့တယ် ဆိုတာကိုတော့ ထုတ်ပြောထားခြင်း မရှိပါဘူး။
တရုတ်က
နိုင်ငံခြားရေးကို တာဝန်ယူတဲ့ နိုင်ငံတော် ကောင်စီဝင် တိုက်ပင်ကို (Dai Bingguo; 戴秉國)
ဟာ နောက်အပတ်ထဲမှာ
မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိတယ်လို့ ကြေညာလိုက်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
မစ္စဟီလာရီ ကလင်တန် အခုလဆန်းပိုင်း သမိုင်းဝင် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို သွားရောက်ပြီးနောက်
တရုတ်ဘက်က နိုင်ငံခြားရေးအရာရှိ စေလွှတ်တာဖြစ်ပါတယ်။ မစ္စကလင်တန်ရဲ့ ခရီးစဉ်ပြီးနောက်
မြန်မာက အမေရိကန်ဘက် အားသာကာ တရုတ်နဲ့ ဆက်ဆံရေး အေးဆက်သွားမှာကို တရုတ်က စိုးရိမ်နေတာ
ဖြစ်ပါတယ်။
မြန်မာက
နှစ်ရှည်လများ တရုတ်အပေါ် အားထားခဲ့တာ ဖြစ်ပေမဲ့ အခုနှစ် မတ်လမှာ အရပ်ဝတ် အစိုးရတက်လာပြီးနောက်
ပြုပြင်တိုးတက်မှု တသီတတန်းကြီးကို ဆောင်ရွက်ခဲ့တဲ့အပြင် အနောက်တိုင်း နိုင်ငံများနဲ့လည်း
ဆက်ဆံရေး ပိုမိုပြေပြစ်လာပါတယ်။
ကိုးကား
-AFP
No comments:
Post a Comment