Wednesday, December 28, 2011
Blast and fire kill 17 in Yangon
ရန်ကုန်မြို့မှာ ၂၉ ရက်နေ့ အာရုံတက်အချိန်ပိုင်း ပေါက်ကွဲမှု ဖြစ်ပြီး အနီးတဝိုက်က အိမ်တွေဆီ မီးကူးစက် လောင်ကျွမ်းတာကြောင့် ၁၇ ဦးသေဆုံး ၇၉ ဦး ဒဏ်ရာ ရသွားပါတယ်။ အခုတခေါက် ပေါက်ကွဲမှုဟာ ဗုံးကြောင့် မဟုတ်ဘူးလို့ သက်ဆိုင်ရာအရာရှိတစ်ဦးက ပြောပါတယ်။
မျက်မြင်သက်သေတစ်ဦးက မနက် ၂ နာရီလောက်က မင်္ဂလာတောင်ညွှန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်ရှိ ယမ်းမီးသိုလှောင်တဲ့ ဂိုထောင် ပေါက်ကွဲတာဖြစ်တယ်လို့ ပြောပါတယ်။ မီးသတ်သမားတွေက ၄ နာရီကြာလောက် ကြိုးပမ်းခဲ့တာ ၆ နာရီ ၄၅ မိနစ်လောက်မှာ မီးငြိမ်းသွားတယ်လို့ ဆိုပါတယ်။
အခင်းဖြစ်ပွားရာကို ရောက်ရှိ စစ်ဆေးတဲ့ လုံခြုံရေး အရာရှိတစ်ဦးက မီးသတ်သမား ၄ ဦးအပါအဝင် ၁၇ ဦး သေဆုံးသွားတယ်။ ဒဏ်ရာရတဲ့ ၇၉ ဦးထဲမှာ ၃၀ ဦးက မီးသတ်သမားတွေဖြစ်တယ်လို့ ဆိုပါတယ်။ ပေါက်ကွဲမှု ဖြစ်ရတဲ့ အကြောင်းအရင်းကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
နောက်အရာရှိတစ်ဦးက ပေါက်ကွဲမှုကြောင့် ဂိုထောင် ၇ လုံးနဲ့ နေအိမ် ၅၀ ကျော်လောက် လောင်ကျွမ်းပျက်ဆီးသွားတယ်။ အိမ်တွေ မီးလောင်လို့ လူ ၉၀၀ နီးပါးလောက် အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်။ လတ်တလောမှာတော့ အနီးအနားက ဘုန်းကြီးကျောင်းမှာ နေရာချထားပေးတယ်လို့ ပြောပါတယ်။ ပေါက်ကွဲမှုကြောင့် ပေ ၂၀ လောက်ကျယ်ပြီး ၁၀ ပေလောက်နက်တဲ့ ချိုင့်ကြီးဖြစ်သွားတယ်လို့ ဆိုပါတယ်။
ဗိုလ်တထောင်မှာနေသူတစ်ဦးက ပေါက်ကွဲသံအကျယ်ကြီးကို ကြားလိုက်ရပြီး မီးခိုးတွေ အူထွက်လာတာ မြင်ရတယ်။ သူတို့အိမ်တွေတောင် ပေါက်ကွဲမှုကြောင့် တုန်ခါသွားတယ်။ ဘာဖြစ်မှန်းမသိလိုက်ဘူးလို့ ပြောပါတယ်။
ကိုးကား - AFP
Labels:
myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment