မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နဲ့ ပိုမိုနီးနီးကပ်ကပ် ထိတွေ့ဆက်ဆံတဲ့ တချိန်တည်းမှာ
အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နဲ့လဲ ချစ်ကြည်ကောင်းမွန်စွာ ဆက်ဆံဖို့ မျှော်လင့်ကြောင်း
၂ ရက်နေ့မှာ ပြောလိုက်ပါတယ်။
ဒေါ်စုက
မြန်မာနိုင်ငံကို သမိုင်းဝင်မဲ့ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး
မစ္စဟီလာရီ ကလင်တန်နဲ့ တွေ့ဆုံအပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနဲ့ အနောက်တိုင်း
နိုင်ငံများ ထိတွေ့မှုကို ကြိုကြောင်း ပြောကြားခြင်းဟာ ကောင်းတဲ့လက္ခဏာဖြစ်တယ်လို့
ဆိုပါတယ်။
ဒေါ်စုက
ဒါဟာလဲ တကမ္ဘာလုံးရဲ့ ထောက်ခံမှုကို ပြသတာဖြစ်တယ်။ သူမကိုယ်တိုင်ကလဲ တရုတ်နဲ့ ကောင်းမွန်ချစ်ကြည်တဲ့
ဆက်ဆံရေး ထိန်းထားနိုင်ဖို့ မျှော်လင့်ထားတာကြောင့် တရုတ်ရဲ့ သဘောထားကို အထူးပဲ ကျေနပ်မိကြောင်း
ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက
ဒီဇင်ဘာလ ၃၀ ရက်နေ့မှာ မြန်မာနဲ့ သက်ဆိုင်ရာ အနောက်နိုင်ငံများအကြား ဆက်ဆံရေး တိုးချဲ့သင့်တယ်လို့
ယုံကြည်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
No comments:
Post a Comment