မြန်မာအစိုးရက
လာမဲ့ ဇန္နဝါရီလ ၄ ရက်နဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ အစိုးရရုံးပိတ်ရက်တွေမှာ နိုင်ငံရေး
အကျဉ်းသားတွေကို နောက်ထပ် လွှတ်ပေးလိမ့်မယ်လို့ ပြည်သူ့လွတ်တော် ဥပဒေနဲ့ တရားရေး ကော်မတီဥက္ကဋ္ဌ
ဦးအောင်ကိုက ၂၉ ရက်နေ့မှာ ပြောလိုက်ပါတယ်။
ဦးအောင်ကိုက
လွတ်လာမဲ့ အကျဉ်းသား အရေအတွက် အတိအကျကိုတော့ ထုတ်ပြောထားခြင်း မရှိပါဘူး။ ရထားပို့ဆောင်ရေးဝန်ကြီး
ဦးအောင်မင်းက လွတ်လပ်ရေးနေ့နဲ့ ပြည်ထောင်စုနေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိမ့်မယ်လို့
ပြောကြောင်း ဦးအောင်ကိုက ပြောပါတယ်။
လတ်တလော
ပြုပြင်ပြောင်းလဲမှုတွေကို အားတက်သရော ဆောင်ရွက်နေတဲ့ မြန်မာအစိုးရဟာ အောက်တိုဘာလမှာ
အကျဉ်းသား ၆၃၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။ ဒီထဲမှာ နိုင်ငံရေးအကျဉ်းသား
၂၀၀ လောက်သာ ပါဝင်ပါတယ်။ ဒါကြောင့်လဲ အတိုက်အခံပါတီနဲ့ နိုင်ငံရေး သုံးသပ်သူတွေကို
စိတ်ပျက်သွားစေပါတယ်။
အတိုက်အခံနဲ့
နိုင်ငံခြား အစိုးရများက နိုင်ငံရေး အကျဉ်းသားအားလုံးကို လွတ်ပေးဖို့ တောင်းဆိုထားပါတယ်။
လူ့အခွင့်အရေး လှုပ်ရှားသူများရဲ့ ခန့်မှန်းချက်အရ မြန်မာနိုင်ငံတလွားက အကျဉ်းထောင်တွေမှာ
နိုင်ငံရေးအကျဉ်းသား ၅၀၀ ကနေ ၁၅၀၀ ကျော်လောက် ရှိတယ်လို့ သိရပါတယ်။
အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် အခုလဆန်းထဲ သမိုင်းဝင်တဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ
မိမိယုံကြည်မှုကြောင့် အကျဉ်းကျနေသူအားလုံးကို လွတ်ပေးဖို့ အခိုင်အမာ တောင်းဆိုခဲ့ပါတယ်။
ကိုးကား
- AFP
No comments:
Post a Comment