မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၃ ရက်နေ့မှာ နေပြည်တော်သွားပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို
နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံပြန်တင် လိုက်ပါတယ်။ တဆက်တည်းမှာ ဒေါ်စုဟာ လွှတ်တော်ကို
ပထမဦးဆုံးအကြိမ် သွားရောက်ခဲ့ပါတယ်။
ဒေါ်စုဟာ
၂၃ ရက်နေ့ စောစောပိုင်းမှာ ဗဟိုရွေးကောက်ပွဲ ကော်မရှင်ရုံးသွားပြီး အဖွဲ့ချုပ် မှတ်ပုံပြန်တင်ဖို့ရာ
လက်မှတ်သွားထိုးခဲ့တာ ဖြစ်ပါတယ်။ မြန်မာအစိုးရက အန်အယ်လ်ဒီအား မှတ်ပုံတင်ခွင့်ပြုကြောင်း
အစိုးရပိုင် မြန်မာ့အလင်းသတင်းစာက ၁၃ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
ဒေါ်စုဟာ
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်တို့နဲ့
တွေ့ဆုံခဲ့ပြီး ဦးရွှေမန်းက တွေ့ရတာ ဝမ်းသာတဲ့အကြောင်း၊ နှစ်ဘက်အတူ ပူးပေါင်းဆောင်ရွက်ဖို့
လိုကြောင်း၊ ဦးခင်အောင်မြင့်ကတော့ တွေ့ချင်တာကြာပြီ ဒေါ်စုကို ကြိုဆိုပါတယ်လို့ အသီးသီး
ပြောပါတယ်။
No comments:
Post a Comment