မြန်မာနိုင်ငံနဲ့
တခါက ကူညီထောက်ပံ့မှု အများဆုံးပေးခဲ့တဲ့ ဂျပန်တို့ဟာ နှစ်ဘက် ရင်းနှီးမြှုပ်နှံမှု
စာချုပ်ချုပ်ဆိုဖို့ ဆွေးနွေးရေးနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးသို့ ရှေ့ရှုသွားဖို့
သဘောတူလိုက်ပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး
မစ္စတာ ခိုအိချိရို့ ဂင်းဘ (Kocihiro Gemba) ဟာ ၂၅ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး
သူဟာလည်း ဒီ ၉ နှစ်တာအတွင်း ပထမဆုံးအကြိမ် မြန်မာနိုင်ငံကို သွားရောက်တဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဖြစ်ပါတယ်။
မစ္စတာ ဂင်းဘဟာ ၂၆ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး
ဦးဝဏ္ဏမောင်လွင်တို့နဲ့ နေပြည်တော်မှာ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့
ရန်ကုန်မှာ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
မစ္စတာ ဂင်းဘ က နောင်မှာ မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အထူးသဖြင့် ကျေးလက်ဒေသရဲ့
ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးမှာ ကူညီလိုတယ်၊ မြန်မာနိုင်ငံရှိ ဂျပန်ရင်းနှီးမြှုပ်နှံမှု
အကာအကွယ်ပေးရေးအတွက် ဆွေးနွေးဖို့ မြန်မာဘက်က သဘောတူတာကို ဝမ်းသာပါတယ်လို့ ပြောပါတယ်။
မစ္စတာ
ဂင်းဘက အခုတခေါက်ခရီးစဉ်ဟာ ဂျပန် မြန်မာ ဆက်ဆံရေး လမ်းတကွေ့ဖြစ်တယ်လို့ ဦးဝဏ္ဏမောင်လွင်အား
ပြောခဲ့တဲ့အပြင် ပြုပြင်ပြောင်းလဲမှုတွေ ပိုမိုဆောင်ရွက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ မြောက်ကိုးရီးယားနဲ့
စစ်ရေးအပိုင်းက ဆက်ဆံမှု၊ သင်္ကာမကင်းဖွယ် နျူကလီးယား ဆက်စပ်မှုတွေကို မြန်မာဘက်က ဖြတ်တောက်ဖို့လည်း
တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
ဒေါ်စုနဲ့တွေ့ဆုံရာမှာ
မစ္စတာ ဂင်းဘက မကြာတဲ့အနာဂတ်မှာ ဂျပန်ကို သွားရောက်လည်ပတ်ဖို့ ဒေါ်စုကို ဖိတ်ကြားပါတယ်။
မစ္စတာ ဂမ်ဘာကလည်း မြန်မာနိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေးအတွက် အကျိုးဖြစ်စေမဲ့
လုပ်ရပ်တွေကို ဂျပန်ဘက်က ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ကိုးကား - AFP, AP
No comments:
Post a Comment