၂၁ ရက်နေ့
နေ့လည်ပိုင်း ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံအနီး အများသုံး သန့်စင်ခန်းမှာ ဖြစ်ပွားတဲ့
ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိ သွားတယ်လို့ မြန်မာနိုင်ငံ
လုံခြုံရေး အရာရှိတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲမှု
ဘာ့ကြောင့် ဖြစ်ရတယ်ဆိုတာတော့ အတိအကျ မသိရသေးဘူး၊ အခင်းဖြစ်ပွားရာ နေရာကို ရှင်းလင်းပြီး
စစ်ဆေးစုံစမ်းနေတယ်လို့ ဆိုပါတယ်။ ရဲဘက်က အခင်းဖြစ်ပွားရာနေရာကို ပိတ်ပြီး အနံ့ခံခွေးတွေနဲ့
နောက်ထပ်ဗုံးတွေ ရှိမရှိ ရှာဖွေနေတယ်လို့ သိရပါတယ်။
အေပီသတင်းမှာတော့
ဒဏ်ရာရသူဟာ နှစ်ဦးရှိပြီး တစ်ဦးက အခြေအနေ စိုးရိမ်ရတယ်လို့ ဖော်ပြထားပါတယ်။
No comments:
Post a Comment