Friday, December 2, 2011

Clinton offers $1.2 mln to Myanmar civil society


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီ ကလင်တန်က မြန်မာနိုင်ငံက လူမှုရေးအသိုင်းအဝိုင်းအတွက် အမေရိကန်ဒေါ်လာ ၁.၂ သန်း အကူအညီပေးမယ်လို့ ပြောပါတယ်။ မစ္စကလင်တန်ဟာ သမိုင်းဝင်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ၃ ရက်ကြာ သွားရောက်ခဲ့တာဖြစ်ပါတယ်။

မြန်မာခရီးစဉ်အပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စကလင်တန်က ဒီရန်ပုံငွေဟာ မြေမြှုပ်မိုင်းရဲ့ သားကောင်တွေအတွက် အသေးစားချေးငွေ၊ ကျန်းမာရေးနဲ့ တခြား အကူအညီတွေအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ 

လူမှုရေးအဖွဲ့အစည်းများနဲ့ စောစောပိုင်းမှာ တွေ့ဆုံခဲ့ပြီးနောက် မစ္စကလင်တန်က ဒီတိုင်းပြည်က လူထုအတွက် ပေးထားတဲ့ ကတိတွေကို အကောင်အထည်ဖော်ဖို့ အဆင့်ဆင့် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ အကယ်လို့ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေ အရှိန်အဟုန် မြင့်တက်လာမယ်ဆိုရင် အခုထက်ပို လုပ်ဆောင်ဖို့ ပြင်ဆင်ထားတယ်လို့ ဆက်ပြောပါတယ်။

မစ္စကလင်တန်ကလဲ မြန်မာနိုင်ငံမှာ အင်္ဂလိပ်စာ သင်ကြားပို့မှု အစီအစဉ်တွေကို စတင်ဖို့ရှိတယ်လို့လည်း ကြေညာလိုက်ပါတယ်။

ကိုးကား - AFP

No comments:

Post a Comment