ဥရောပသမဂ္ဂက
မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပိတ်ဆို့မှု အများစုကို ဆိုင်းငံ့လိုက်တာနဲ့ ပတ်သက်လို့
အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံက ၂၅ ရက်နေ့မှာ ကြိုဆိုလိုက်ပြီး မှန်ကန်တဲ့
အချိန်အခါမှာ မှန်ကန်တဲ့အလုပ်ကို လုပ်ဆောင်လိုက်ခြင်းဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
ဥရောပနိုင်ငံများက
မြန်မာနိုင်ငံမှာ စစ်အစိုးရ အုပ်ချုပ်ရေး အဆုံးသတ်ပြီးတဲ့ တစ်နှစ်အတွင်း ဒီမိုကရေစီ
ပြုပြင်ပြောင်းလဲရေးကို အားပေးတဲ့အနေနဲ့ စစ်လက်နက်ပစ္စည်း တင်ပို့ရောင်းချရေးကလွဲလို့
တခြားပိတ်ဆို့မှု အားလုံးနီးပါးကို တစ်နှစ်တာ ဆိုင်းငံ့ပေးဖို့ ၂၃ ရက်နေ့က ကြေညာလိုက်တာ
ဖြစ်ပါတယ်။
ဥရောပသမဂ္ဂ
အဖွဲ့ဝင် ၂၇ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက လူပုဂ္ဂိုလ် ၅၀၀ နဲ့ စီးပွားရေးလုပ်ငန်း
၈၀၀ ကျော်အပေါ် ထားရှိတဲ့ ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ပေးဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။
Ref : AFP
No comments:
Post a Comment