အမေရိကန်ပြည်ထောင်စုက
မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ငွေရေးကြေးရေးပိတ်ဆို့မှု အချို့ကို ဖြေလျှော့ပေးလိုက်ပြီဖြစ်တာမို့
အမေရိကန် အခြေစိုက် အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ မြန်မာနိုင်ငံမှာ ပရဟိတလုပ်ငန်းတွေ
လုပ်ကိုင်ခွင့်ရှိသွားပြီဖြစ်ပါတယ်။
အမေရိကန်
ဘဏ္ဍာရေးဝန်ကြီးဌာနက အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာကလဲ ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့
ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဝါရှင်တန် အာဏာပိုင်တွေက ကောင်းမွန်တဲ့ တုန့်ပြန်မှုတွေ
ပေးလိုက်တာ ဖြစ်ပါတယ်။
အခုလို
အပြောင်းအလဲ လုပ်လိုက်တာဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူသားချင်း စာနာထောက်ထားတဲ့
လုပ်ငန်းတွေမှာ အကူအညီပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနက ဒီမိုကရေစီ
တည်ဆောက်ရေး၊ ကျန်းမာရေးနဲ့ ပညာရေး၊ အားကစားနဲ့ ဘာသာရေး စတဲ့ နယ်ပယ်တွေမှာ လုပ်ဆောင်နေတဲ့
အဖွဲ့အစည်းတွေရဲ့ ငွေလွှဲမှုဆိုင်ရာ အကန့်အသတ်တွေကို ဖြေလျှော့ပေးလိုက်တာပါ။
Ref : AP
No comments:
Post a Comment