မြန်မာ့
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၁ ရက်နေ့မှာ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အယ်လ်ဒီက အပြတ်အသတ်နဲ့ အနိုင်ရသွားပြီးတဲ့နောက်
၂ ရက်နေ့မှာ မြန်မာနိုင်ငံအဖို့ ‘ခေတ်သစ်ကြီး’ရောက်လာပါပြီလို့ ပြောလိုက်ပြီး စည်းလုံးညီညွတ်မှု
ရှိကြဖို့လဲ နိုးဆော်လိုက်ပါတယ်။
ရန်ကုန်ဌာနချုပ်မှာ
ဒေါ်စုက ဒါဟာ အန်အယ်လ်ဒီရဲ့ အောင်ပွဲသာ မဟုတ်ဘူး။ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်ရေးမှာ
ပါဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့ ပြည်သူလူထုရဲ့ အောင်ပွဲဖြစ်တယ်။ အခုအချိန်ဟာ မြန်မာနိုင်ငံအတွက်
ခေတ်သစ် တစ်ခေတ်ရဲ့ အစပါပဲလို့ ပြောပါတယ်။
ဒေါ်စုကလဲ
ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ အခြားပါတီတွေက မြန်မာနိုင်ငံအတွင်းမှာ စစ်မှန်တဲ့ ဒီမိုကရေစီ
စနစ်ကို အကောင်အထည်နိုင်ဖို့ အန်အယ်လ်ဒီနဲ့ လက်တွဲပြီး အတူကြိုးပမ်းသွားဖို့ မျှော်လင့်ကြောင်း
ဆိုပါတယ်။
အန်အယ်လ်ဒီ
ကိုယ်တိုင်ခန့်မှန်းထားတဲ့ မဲအရအတွက်အရ အန်အယ်လ်ဒီက ပါဝင်တဲ့ လစ်လပ်နယ်မြေ ၄၄ ခုအနက်
၄၃ ခုမှာ အနိုင်ရတာ သေချာ သလောက်ရှိပြီး နောက်ဆုံးတစ်ခုဖြစ်တဲ့ ရှမ်းပြည်တောင်ပိုင်းက
မဲဆန္ဒနယ်ရဲ့ ရလဒ်ကို စောင့်နေပါတယ်လို့ ပါတီပြောခွင့်ရ ဦးကြည်တိုးက ပြောပါတယ်။
Ref : AFP
No comments:
Post a Comment