Thursday, April 19, 2012

Myanmar opposition to discuss parliament boycott


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်များဟာ ရာထူးတက် ကျမ်းသစ္စာကျိန်ဆိုရေး စာသားနဲ့ပတ်သက်ပြီး လွှတ်တော်ကို သပိတ်မှောက်ဖို့ ၂၀ ရက်နေ့မှာ ဆွေးနွေးဖို့ရှိတယ်လို့ အန်အယ်လ်ဒီပါတီ အကြီးတန်းပါတီဝင် တစ်ဦးက ပြောလိုက်ပါတယ်။

ဒါဟာလဲ ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲပြီးနောက် အန်အယ်လ်ဒီနဲ့ အစိုးရအကြား ပထမဦးဆုံးသော သဘောထား ဒွိဟဖြစ်နေတဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။

လွှတ်တော်အမတ်များရဲ့ ရာထူးတက် ကျမ်းသစ္စာကျိန်ဆိုတဲ့ စာသားမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ‘ကာကွယ်စောင့်ရှောက်ပါမည်’ဟု ရေးသားထားပါတယ်။ ဒါကို အန်အယ်လ်ဒီက ‘လေးစားလိုက်နာပါမည်’ ဆိုတဲ့ အသုံးအနှုန်းနဲ့ အစားထိုးဖို့ လိုလားနေပါတယ်။

အန်အယ်လ်ဒီ အကြီးတန်း ပါတီဝင်တွေက ၁၉ ရက်နေ့မှာ နေပြည်တော်သွားပြီး သက်ဆိုင်ရာနဲ့ ဒီအကြောင်းအရာကို ညှိနှိုင်းကြရာ အခြေခံ ဥပဒေခုံရုံး တာဝန်ခံတွေက ပြင်ဆင်ဖို့ ငြင်းဆိုတာမို့ အန်အယ်လ်ဒီ ရုံးချုပ်မှာ ဆွေးနွေးမှာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ရွေးကောက်ခံ အန်အယ်လ်ဒီ ပါတီဝင် ကိုယ်စားလှယ် တစ်ဦးက ပြောပါတယ်။

ဆွေးနွေးမှု ရလာဒ်ပေါ်မူတည်ပြီး လွှတ်တော်စည်းဝေးပွဲကို တက်ရောက်မယ် မတက်ရောက်ဘူး ဆုံးဖြတ်မှာ ဖြစ်တယ်။ ဒါပေမဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကိုတော့ မချရသေးဘူးလို့ ဆိုပါတယ်။ 

Ref : AFP

No comments:

Post a Comment