Tuesday, April 17, 2012

EU to ease Myanmar sanctions further


ဥရောပ သမဂ္ဂ နိုင်ငံခြားရေး မူဝါဒအကြီးအကဲ ကက်သရင်း အက်ရှ်တန်က မြန်မာအပေါ် ကျင့်သုံးနေတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ထပ်မံ ဖြေလျှော့ပေးဖို့ရှိတယ်လို့ ၁၇ ရက်နေ့က ပြောလိုက်ပါတယ်။

မစ္စအက်ရှ်တန်က အခုနှစ် ဇန်နဝါရီလထဲမှာ မြန်မာအစိုးရ အရာရှိများရဲ့ ဗီဇာကန့်သတ်ချုက်ကို ဆိုင်းငံ့ခဲ့တယ်။ အခုလကုန်မှာ ဒီထက်ပို လျှော့ပေါ့ပေးဖို့ရှိတယ်လို့ ဥရောပ ပါလီမန်ကို ပြောပါတယ်။

ဥရောပသမဂ္ဂက ရင်းနှီးမြှုပ်နှံမှုနဲ့ အတိမ်းအစောင်းမခံတဲ့ ပစ္စည်းတင်ပို့မှုကို ဖြေလျှော့ပေးနိုင်ပေမဲ့ လက်နက် တင်ပို့ရောင်းချမှုကိုတော့ ဆက်လက် ပိတ်ဆို့ထားနိုင်တယ်လို့ အများက ယူဆထားပါတယ်။

ဧပြီလ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အကြား မြန်မာနိုင်ငံကို သွားဖို့ စီစဉ်ထားတဲ့ မစ္စအက်ရှ်တန်က ဥရောပနိုင်ငံတွေဟာ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပြီလို့ ဆိုပါတယ်။ ဒါ့အပြင် သူမက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဘရပ်ဆဲလ်ကို အလည်အပတ်သွားဖို့လည်း ဖိတ်ခေါ်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဗြိတိသျှဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းနဲ့ မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့က သင်္ကြန်မတိုင်မီ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ပိတ်ဆို့မှုတွေကို ဆိုင်းငံ့ပေးထားကြဖို့ နိုးဆော်လိုက်ပြီးနောက်မှာ နော်ဝေး၊ ဩစတြေးလျနဲ့ အမေရိကန်တို့က ပိတ်ဆို့မှု အချို့ကို ဖြေလျှော့ပေးဖို့ ရှေ့စဉ်နောက်ဆက် ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ အခြား အနောက်တိုင်း နိုင်ငံများကလဲ ဆက်လက် ဖြေလျှော့လာဖို့ အလားအလာ ရှိပါတယ်။ 

Ref : AFP

No comments:

Post a Comment