ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံအတွင်း လတ်တလော ဖြစ်ပွားနေတဲ့ အပြောင်းအလဲကို
အားပေးတဲ့အနေနဲ့ အနောက်တိုင်းနိုင်ငံများက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို
အခုထက်ပိုပြီး ဖြေလျှော့ပေးသင့်တယ်လို့ ၃၀ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
ဘန်ကီမွန်းက
နေပြည်တော်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးနောက် ပြည်ထောင်စုလွှတ်တော်မှာ
မွန့်ခွန်းပြောရာ အခုလက်ရှိအချိန်အထိ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ လုပ်ရပ်တွေကို ကြိုဆိုပါတယ်။
ဒါပေမဲ့ အခုထက် ပိုလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒီကနေ့ အခြားပိတ်ဆို့မှုနဲ့ ကုန်သွယ်ရေး
ကန့်သတ်မှုတွေကို ထပ်ပြီး ဖြေလျှော့ခြင်း၊ ဆိုင်းငံ့ခြင်း ဒါမှမဟုတ် ရုပ်သိမ်းခြင်းတွေ
လုပ်ဆောင်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ရပါတယ်လို့ ပြောသွားပါတယ်။
အနောက်တိုင်း
နိုင်ငံတွေနဲ့ မြန်မာနိုင်ငံအကြား ဆက်ဆံရေး နွေးထွေးလာတဲ့အလျောက် နိုင်ငံတကာ ခေါင်းဆောင်တွေ
ရှေ့စဉ်နောက်ဆက် မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ကြရာ ဘန်ကီမွန်းဟာ နောက်ဆုံးသွားရောက်တဲ့ အထင်ကရ ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်ပါတယ်။ ဘန်ကီမွန်းဟာလဲ လွှတ်တော်မှာ ပထမဦးဆုံး မိန့်ခွန်းပြောကြားတဲ့ နိုင်ငံတကာ အကြီးအကဲတစ်ဦး ဖြစ်ပါတယ်။
ဥရောပ
သမဂ္ဂ၊ နောဝေး၊ ဩစတြေးလျနဲ့ ကနေဒါနိုင်ငံတွေက မြန်မာနိုငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေအနက်
လက်နက်တင်ပို့ရောင်းချမှုကလွဲပြီး ကျယ်ကျယ်ပျံ့ပျံ့ ဆိုင်းငံ့ထားပြီး ဖြစ်ပေမဲ့ အမေရိကန်
ပြည်ထောင်စုကတော့ ပိတ်ဆို့မှုတွေကို ချက်ချင်းလက်ငင်း အဆုံးသတ်ဖို့ ဖယ်ရှားလိုက်ပြီး
ဖြစ်ပါတယ်။
Ref : AFP
No comments:
Post a Comment