ထိုင်ဝမ်ရဲ့
အကြီးဆုံး လေယာဉ်ကုမ္ပဏီ ချိုင်းနားအဲလိုင်း (China Airlines) က နောက်လကစပြီး ထိုင်ပေနဲ့
ရန်ကုန် လမ်းကြောင်းကို တိုးမြှင့်ပျံသန်းမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ
လတ်တလော ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ စီးပွားရေး အခွင့်အလှမ်း များလာတဲ့အလျောက် မြန်မာနိုင်ငံကို
သွားမဲ့ ထိုင်ဝမ်ခရီးသည် များလာတာမို့ မေလ ၁၅ ရက်နေ့ကစလို့ ထိုင်ပေနဲ့ ရန်ကုန် လက်ရှိ
တစ်ပတ်ကို ၃ ခေါက် လွန်းပျံပြေးဆွဲနေရာက ၄ ခေါက်အထိ၊ စက်တင်ဘာလ ၁၅ ရက်နေ့ကစလို့ စနေနေ့မှာလည်း
တိုးချဲ့ပျံသန်းဖို့ စီစဉ်ထားတာကြောင့် အဲဒီအချိန်ကျရင် တစ်ပတ်ကို ၅ ခေါက် ပျံသန်းမှာ ဖြစ်ပါတယ်။
No comments:
Post a Comment