Thursday, April 19, 2012

EU to suspend Myanmar sanctions for a year


ဥရောပနိုင်ငံများက မြန်မာအပေါ်ထားရှိတဲ့ ပိတ်ဆို့မှုတွေထဲမှာ လက်နက်တင်ပို့မှုကလွဲပြီး ကျန်တာတွေကို ၁၂ ကြာ ဆိုင်းငံ့ထားဖို့ သဘောတူထားပြီးဖြစ်တယ်လို့ ဥရောပ သမဂ္ဂ နိုင်ငံခြားရေး အရာရှိတွေက ၁၉ ရက်နေ့မှာ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ဆွေးနွေးပွဲနဲ့ နီးကပ်တဲ့ သံတမန်တစ်ဦးက ၁၂ လ ဆိုတဲ့ အချိန်ကာလဟာ ဥရောပအတွက် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်သွားမှု ရှိမရှိ စောင့်ကြည့်နိုင်တယ်လို့ ဆိုပါတယ်။

၆ လ အတွင်းမှာ ပြန်လည်သုံးသပ်ဖို့ ဆုံးဖြတ်ချက်ပါဝင်နိုင်တဲ့ တရားဝင် ကြေညာချက်ကိုတော့ တနင်္လာနေ့ လူဇင်ဘတ်မှာ ကျင်းပမဲ့ ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ မျက်နှာစုံညီစည်းဝေးပွဲမှာ ထုတ်ပြန်မယ်လို့ မျှော်လင့်ရပါတယ်။

Ref : AFP

No comments:

Post a Comment